လုပ်ငန်းလမ်းညွှန်

၁။ စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အချိန်ဇယား

(လုပ်ငန်းတစ်ခုချင်းအလိုက် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှုအား သတ်မှတ်ပုံစံများဖြင့် လုပ်ငန်းပြီးလျှင်ပြီးချင်း ပြုစုတင်ပြရပါမည်။)

 

စဉ်

လုပ်ငန်း

ဆောင်ရွက်ရမည့်အချိန်

မြေနေရာရွေးချယ်ခြင်း

စက်တင်ဘာ - အောက်တိုဘာ

မြေတိုင်းခြင်း

အောက်တိုဘာ

ပန္နက်ရိုက်ခြင်း

အောက်တိုဘာ-နိုဝင်ဘာ

ကျင်းတူးခြင်း

နိုဝင်ဘာ-ဖေဖော်ဝါရီ

ကျင်းဖို့ခြင်း

မတ်

စိုက်ပျိုးခြင်း

မေ-ဇွန်

သေပင်ဖာထေးခြင်း

ဇူလိုင်

ပေါင်းရှင်းခြင်း (ကြိမ်)

သြဂုတ်နှင့် အောက်တိုဘာ

ရှင်ပင်ရေတွက်ခြင်း

ဒီဇင်ဘာ၊ နောင်နှစ် ဧပြီနှင့် သြဂုတ်

၁၀

မီးတားလမ်းဖောက်လုပ်ခြင်း (၁၂' အကျယ်)

ဇန်နဝါရီ

၁၁

မီးကာကွယ်ခြင်း (မီးစောင့်တဲ၊ အစောင့်၊ ဘုတ်ပြား)

ဖေဖော်ဝါရီ-မေ

 

၂။မြေနေရာရွေးချယ်ခြင်း

သစ်တောမြေ(ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော)များအား ဦးစားပေး၍ သက်ဆိုင်ရာ သစ်တောဦးစီး ဌာနနှင့် ညှိနှိုင်းရွေးချယ်ရန်ဖြစ်ပါသည်။ အဆိုပါမြေများမှအပ အစိုးရစီရင်ပိုင်ခွင့်ရှိသောမြေနှင့် အခြားမြေများ အား ရွေးချယ်ရမည်ဖြစ်ပါက သက်ဆိုင်ရာဒေသအာဏာပိုင်၏ ခွင့်ပြုချက်ရယူဆောင်ရါက်ရန်ဖြစ်ပါသည်။ တောင်သူများသီးနှံစိုက်ပျိုးမြေကို ရွေးချယ်ခြင်းမပြုရပါ။

၃။ တည်ထောင်မည့် စိုက်ခင်းအမျိုးအစားအလိုက် ပန္နက်အကွာအဝေးနှင့် ကျင်းအရွယ်အစားများ

(က) ကျေးရွာသုံးစိုက်ခင်း

ပန္နက်အကွာအဝေး ( ၁၂ ×၁၂ )

ကျင်းအရွယ်အစား ×× (ချက်ကျင်း××) = ၁၀ ကုဗပေ

(သီးနှံသစ်တောရောနှော စိုက်ပျိုးမည်ဖြစ်ပါက×၂၄ ပန္နက်အကွာအဝေးဖြင့် လိုအပ်သော ဧရိယာအတွက် ခွင့်ပြုချက်တောင်းရမည်။ ကွန်တိုလိုင်းအတိုင်း () ပန္နက်ဖြင့် ကျင်းတူး ရမည်။

() ရေဝေရေလဲစိုက်ခင်း

ပန္နက်အကွာအဝေး (၁၅× ၁၅ )

ကျင်းအရွယ်အစား ××(ချက်ကျင်း××) = ၁၀ ကုဗပေ

(သတ်မှတ်ပေးထားသော ဆည်၊ တမံ၊ ရေလှောင်ကန်ရေဝေဧရိယာတွင် ဆောင်ရွက်ရန် ဖြစ်သည်။)

() တောင်တန်းစိုက်ခင်း

ပန္နက်အကွာအဝေး (၁၅×၁၅)

ကျင်းအရွယ်အစား × × (ချက်ကျင်း××) = ၁၀ ကုဗပေ

(ဒေသရှိတောင်စဉ်၊ တောင်တန်းဧရိယာအား အကျိုးပြုဆောင်ရွက်ရမည်။)

() အခြားစိုက်ခင်း

ပန္နက်အကွာအဝေး (၁၂×၁၂ )

ကျင်းအရွယ်အစား ×× = ကုဗပေ

(အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သာယာလှပရေးကို ရည်ရွယ်၍ စိုက်ရပါမည်။ မြေနေရာ အခက်အခဲ ရှိပါက ခွင့်ပြုချက် တောင်းခံ၍ (×) ပန္နက်ဖြင့် ဆောင်ရွက်ရပါမည်။)

မှတ်ချက်။(ဖော်ပြပါ စိုက်ခင်းတိုင်း၏ တောင်စောင်းနေရာများတွင် သတ်မှတ်ကျင်းအရွယ်ကို (×.×) ချက်ကျင်း××= ၁၀ ကုဗပေ ကိုကွန်တိုလိုင်းအတိုင်း အရှည်ထား၍ တူးရပါမည်။

 

စိုက်ပျိုးသင့်သောသစ်မျိုးများ

မြန်မာရှား၊ ကုက္ကို၊ တမာ၊ ထနောင်း၊ ဆူးဖြူ၊ မယ်ဇလီ၊ ယူကလစ်၊ ကန္တာစိမ်း၊ စီနီဂေါ စသည်တို့ ဖြစ်သည်။

ကျင်းတူးခြင်း

ပန္နက်အမှတ်ကို တူးရမည့်ကျင်း၏ ဗဟိုနေရာတွင်ထားရမည်။ သို့မှသာ တူးပြီးကျင်းများ အတန်းညီမည် ဖြစ်သည်။ ကျင်းတူးရာတွင် အပေါ်ယံမြေသားနှင့် ကျင်းအောက်ဖက်မြေသားခွဲ၍ ကျင်းနှုတ်ခမ်း ဘယ်-ညာ ခွဲပုံလျှင် ကျင်းဖို့ရာ၌ စနစ်ကျနမည်ဖြစ်ပါသည်။

ကျင်းဖို့ခြင်း

ကျင်းဖို့ရာတွင် (××) အရွယ် ချက်ကျင်းအတွင်းသဘာဝမြေသြဇာ (ဝါ) နွားချေး(ဝါ) မြေဆွေးထည့်၍ အပေါယံမြေကို ဦးစွာဖြည့်ဖို့ရပါမည်။ ကျင်းနှုတ်ခမ်းပတ်လည်တွင် ကျန်သောမြေနှင့် အောက်မြေများကိုပါ ဖေါ်ပြပါပုံသဏ္ဍာန်ရအောင် ဖို့ရပါမည်။

(ကျင်းဖို့ရာတွင် မြေကို ရေပြင်ညီ(သို့မဟုတ်) ရေပြင်ညီထက်နိမ့်လျက် ချိုင့်ခွ်အနေအထားဖြစ်အောင် မလုပ်ရပါ။ ကျင်းအတွင်း မိုးရေဝပ်၍ စိုက်ပင်သေနိုင်ပါသည်။

 

စိုက်ပျိုးခြင်း

မြေဖို့ထားသော ကျင်း၏ ဗဟိုနေရာ (မြေမို့မောက်နေသောနေရာ)တွင် ပျိုးပင်ကို စိုက်ရမည်။ ပျိုးပင်မှ ပလပ်စတစ်ကို မြေလုံးမကွဲကြေစေအောင်ခွာရန်၊ မြေလုံးအထက် (အမြစ်ကော်လံ)ကို မြှုပ်အောင် မြေဖို့၍ စိုက်ရပါမည်။ (မြေအစိုဓါတ် ကောင်းစွာရ၍ မိုးဆက်လက် ရွာနိုင်မည့် အခြေအနေကို ဂရုပြုပါမည်။)

အနောက်တောင်မုတ်သုံလေသည် မေလတတိယပတ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသသို့ ရောက်ရှိ၍ မိုးရွာသွန်းလေ့ရှိသည်။ (မုတ်သုန်အဝင်အထွက်နှင့် မိုးရွာသွန်းမှု ကြိုတင်သိရှိနိုင်ရန် မိုးလေဝသ သတင်းလေ့လာရန်)

  • မိုးရွာသွန်းမှုမှာ တိုတောင်းလေ့ရှိသဖြင့် လုံလောက်သော အစိုဓါတ်ရရှိသည်နှင့်တပြိုင်နက် စိုက်ပျိုးခြင်းကို အပြီးဆောင်ရွက်ရမည်။

  • မိုးမရွာသွန်းမီ ပျိုးပင်များအား စိုက်ကွက်အတွင်းသို့ ကြိုတင်စီစဉ် ပို့ဆောင်ထားရန်လိုအပ်သည်။

ဖာထေးခြင်း

စိုက်ပျိုးပြီး ()()ပတ်အကြာတွင် သေပင်ဖာထေးခြင်းကို စတင်ဆောင်ရွက်ရမည်။ ဖာထေးခြင်းကို မိုးရွာရက်များအတွင်း ဆောင်ရွက်ရမည်။

ပေါင်းရှင်းခြင်း

စိုက်ပျိုးပင်၏ရှင်သန်မှုကိုအနှောင့်အယှက်ပြုသောပေါင်းမြက်၊ နွယ်တို့ကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ မြေတောင်မြှောက်၊ ခါးဆွခြင်းများ ဆောင်ရွက်ပေးရပါမည်။

ရှင်ပင်ရေတွက်ခြင်း

စိုက်ခင်းတစ်ခုစီ၏ စိုက်ပျိုးပြီးအပ်ငများ၏ ရှင်ပင်ကို ကွက်ပြည့်ရေတွက်၍ စိုက်ခင်းပုံစံ () ဖြင့် ဖြည့်စွက်တင်ပြရပါမည်။ စိုက်ပျိုးပြီးနှစ်အတွင်း ဒီဇင်ဘာလ တစ်ကြိမ်နှင့် နောက်ပြက္ခဒိန်နှစ်၏ ဧပြီနှင့် သြဂုတ်လများတွင် တစ်ကြိမ်စီ ပေါင်း () ကြိမ် ရေတွက်တင်ပြရပါမည်။

မီးကာကွယ်ခြင်း

စိုက်ခင်းဧရိယာ၏ ပတ်ပတ်လည်ကို (၁၂) အကျယ် မီးတားလမ်းဖောက်လုပ်ခြင်း၊ မီးစောင့်တဲထိုးခြင်း၊ အစောင့်ချထားခြင်းနှင့် မီးသတိပေးကြော်ငြာဘုတ်ပြား ကပ်ရိုက်ခြင်းများ ပြုလုပ်ရပါမည်။ ဝန်ထမ်းများ တာဝန်ချထား၍ မပြတ် စစ်ဆေးစောင့်ကြပ်ရပါမည်။

သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း

သစ်တောမြေ (ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော) တွင် ဆောင်ရွက်ရမည်။ အစိုးရစီရင်ပိုင်ခွင့်ရှိသော မြေတွင်ဖြစ်ပါက ဒေသအာဏာပိုင်အဖွဲ့၏ အတည်ပြုခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။

သဘာဝတောများကို အောက်ပါ ဦးစားပေး အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်-

(က) လူနေနီး၍ ကွယ်ပျောက်သွားနိုင်သော သဘာဝတောများ

() တစ်ဧကလျှင်သစ်ပင် (၃၀၀)ပင်ထက်မနည်းသည့် သဘာဝတောများ

() သစ်တောဖုံးလွှမ်းမှုအောက်တွင် ထားရှိသင့်သည့် သဘာဝတောများ

ဆောင်ရွက်ရမည့်လုပ်ငန်းများ

ကွင်းဆင်းတိုင်းတာခြင်း (ဧပြီ-မေ)

  • နယ်နမိတ်ရွေးချယ်အတည်ပြုခြင်း

ဆောင်ရွက်မည့်ဧရိယာနယ်နမိတ်အား’’ = မိုင်မြေပုံပေါ်တွင် ယာယီနယ်နမိတ်လိုင်း သတ်မှတ်၍ ဧရိယာခန့်မှန်းရန်ဖြစ်ပါသည်။ (Grid ကွက် () ကွက်သည် (၁၆၀) ဧက ဖြစ်၍ Grid ကွက် () ကွက်၊ () ပတ်လည်သည် (၆၄၀) ဧက ဖြစ်သည်။) ၎င်းနောက် နယ်နိမိတ်အား ကွင်းနင်းတိုင်းတာပြီး အပင်များတွင်မှန်ထစ်ငယ်များ ပြုလုပ်၍ Correction Pen ဖြင့် အမှတ်အသားပြုလုပ်ရန်။

  • ပါဝင်ပင်မြေပုံရေးဆွဲခြင်း

ဧရိယာအကျယ်အဝန်း (၁၀၀၀) ဧကအတွက်’’ = မိုင်စကေးမြေပုံဖြင့်ဖော်ပြပြီး ဧရိယာ အကျယ်အဝန်း ဧက (၂၀၀၀) နှင့်အထက်တွက်’’ = မိုင် စကေးမြေပုံဖြင့် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်မည့် ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပင်အမျိုးအစားများကို အပင်အမျိုးအစားပြ သင်္ကေတများဖြင့် ပျံ့နှံ့စွာ ဖော်ပြရန်။