အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊တောအုပ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်ခြင်း

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အား အကောင်အထည်ဖော်ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် တောအုပ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)အား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် မှ သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါသင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ တောအုပ်ဝန်ထမ်း များအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား (၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၁၀) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၁၀) ဦး၊ စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး (၅-၉-၂၀၁၆) ရက်နေ့မှ (၁၂-၉-၂၀၁၆) ရက်နေ့အထိ (၈)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ မယ်ညိုတောင်ရှိ ပျိုးဥယျာဉ်၊  အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ ရေရရှိရေးဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ADB စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် ရှေ့ပြေးသုတေသန ဆောင်ရွက်ချက် များသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းများ

Pages