သတင်းများ

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တောအုပ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၉-၇-၂၀၁၈ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော်ကို ဆိပ်ဖြူ မြို့နယ်၊ ကိုးထောင့်(အ.ထ.က) စာသင်ကျောင်းဝန်းအတွင်း၌ (၁၉-၆-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏အစီအစဉ်ဖြင့် တောင်အာရှနှင့် အ​ရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း “The Project of CCC Program of Activities for Distribution of Improved Cook Stoves in Developing South and Southeast Asian Countries (Myanmar)” စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မန္တလေးမြို့၊ စန္ဒကူးခန်းမတွင် ကျင်းပ ပြုလုပ်

,

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အား အကောင်အထည်ဖော် ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် တောအုပ်ကြီးများ လုပ်ငန်း ခွင်ဝင်သင်တန်းအမှတ်စဉ်(၂)အား ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ  သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို ဖွင့်လှစ်ခဲ့

,

“The Project of CCC Program of Activities (PoA) for Distribution of Improved Cook Stoves (ICS) in developing South and Southeast Asian countries (Myanmar)” စီမံကိန်း အတွက် RoD  လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား (၄-၄-၂၀၁၈)ရက်နေ့ နံနက်(၁၀)နာရီတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့

,

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ဌာနတည်ထောင်ခြင်း “နှစ်(၂၀)ကာလ(၁၉၉၇-၂၀၁၇) လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Seminar on Review of 20-years (1997-2017) Dry Zone Greening Department Activities)ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်

,

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများ၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို (၁-၄-၂၀၁၈) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းမှ တက်ရောက် လမ်းညွှန်မှာကြားခဲ့

,

ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁-၃-၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဒေသခံ NGOs/CSOsများ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ လောင်စာတောင့်နှင့် စွမ်းအားမြှင့် မီးဖိုလုပ်ငန်းရှင်များ၊ ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာဆု ရရှိသည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးအသီးသီး၏ ကျေးရွာ(၃)ရွာမှ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များစုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်

, ,

လူတွေ့စစ်ဆေးမည့်သူများအား (၂၅-၃-၂၀၁၈) ရက်နေ့ (၀၉:၃၀)၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပုသိမ်ကြီးမြို့တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာန သို့ (၂၄-၃-၂၀၁၈) ရက်နေ့ (စနေနေ့) (၁၆:၃၀) နာရီအချိန် နောက်ဆုံးထား၍ သတင်းပေး ပို့ရမည်ဖြစ်ပါသည်။

Pages