အဓိကလုပ်ငန်းတာ၀န်(၄)ရပ်

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသည် သင့်လျော်သည့် ပြည်တွင်း ပြည်ပမှ...

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး နယ်မြေရှိ သဘာဝတောများသည် သစ်တောထွက်ပစ္စည်း ထုတ်ယူသုံးစွဲမှု လွန်ကဲခြင်း၊ လူဦးရေတိုးတက်မှုကြောင့် နေအိမ်အဆောက်အအုံများနှင့် စိုက်ပျိုးမြေများ တိုးချဲ့ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကြောင့် နှစ်စဉ် ပျက်သုန်းလျှက်ရှိပါသည်။ အထူးသဖြင့် သွားလာမှု လွယ်ကူပြီး လူနေအိမ်ဒေသနှင့် နီးကပ်သည့် သဘာဝတောများသည် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သည်။ သဘာဝတောများ ပိုမိုပျက်စီးခြင်းမှ အချိန်မီ ကာကွယ် ထိန်းသိမ်းရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးလျက်ရှိသော တောညံ့၊ တောပ...

ထင်းအစားအခြားလောင်စာများနှင့် မီးဖိုအမျိုးမျိုး၊ အခြားစွမ်းအင်အမျိုးမျိုးကို တီထွင် ထုတ်လုပ် ရောင်းချဖြန့်ဖြူးကြရာတွင် အခြားစီးပွားရေးလုပ်ငန်းမှာကဲ့သို့ အမြတ်အစွန်းရရှိရေး တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်မှုမပြုဘဲ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သဘာဝ တောတောင် ရေမြေထိန်းသိမ်းရေး၊ ရာသီဥတု သင့်တင့်မျှတ၍ လယ်ယာသီးနှံအထွက်တိုးရေး အစရှိသည့် ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ဝိုင်းဝန်းကူညီပံ့ပိုးကြရန် လိုအပ်ပါသည်။ လုပ်ငန်းရှင်များ၏ သုတေသနလုပ်ငန်းများ၊ တ...

ရေကိုထိန်းသိမ်းထားနိုင်သည့် သစ်ပင် သစ်တောများ ရှားပါးမှုကြောင့် ရွာသွန်းသည့် မိုးရေအများစုမှာ မြေအောက်တွင် စိမ့်ဝင် တည်နေနိုင်ခြင်း မရှိဘဲ အတားအဆီးမရှိ စီးဆင်း ပျောက်ကွယ်သွားသည့် အတွက် အပူပိုင်းဒေသများအတွင်း ရေရှားပါးသည့် အခြေအနေကို ကြုံတွေ့ကြရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း စီမံကိန်းလုပ်ငန်း တစ်ရပ်အနေဖြင့် ရေအရင်းအမြစ်များ ဖော်ထုတ်ရေးကို အောက်ဖော်ပြပါ လုပ်ငန်းရပ်များ ဆောင်ရွက်၍ အကောင်အထည်ဖော် လျက် ရှိပါသည် -

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန(စစ်ကိုင်း၊ မကွေး၊ မန္တလေး) တိုင်းဒေသကြီးအတွင်းရှိ၊ မြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊မိုးရာသီတွင် တည်ထောင် မည့် စိုက်ခင်းများအတွင်းထားရှိသော မိုးရေချိန်တိုင်း ကိရိယာများမှ ရရှိသည့် မိုးရွာသွန်းမှုနှင့် မြို့ပေါ်မိုးဇလစခန်းများရှိ မိုးရွာသွန်းမှု (၂၀၁၉ ခုနှစ်၊ မတ်လ ကုန် အထိ) အခြေအနေများကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖေါ်ပြ