ထင်းအစားအခြားလောင်စာအသုံးချရေး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်း(ထ)

ထင်းအစားအခြားလောင်စာများနှင့် မီးဖိုအမျိုးမျိုး၊ အခြားစွမ်းအင်အမျိုးမျိုးကို တီထွင် ထုတ်လုပ် ရောင်းချဖြန့်ဖြူးကြရာတွင် အခြားစီးပွားရေးလုပ်ငန်းမှာကဲ့သို့ အမြတ်အစွန်းရရှိရေး တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်မှုမပြုဘဲ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သဘာဝ တောတောင် ရေမြေထိန်းသိမ်းရေး၊ ရာသီဥတု သင့်တင့်မျှတ၍ လယ်ယာသီးနှံအထွက်တိုးရေး အစရှိသည့် ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ဝိုင်းဝန်းကူညီပံ့ပိုးကြရန် လိုအပ်ပါသည်။ လုပ်ငန်းရှင်များ၏ သုတေသနလုပ်ငန်းများ၊ တီထွင်ပြုလုပ်မှုလုပ်ငန်းများ၊ အများအပြား ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ဖြန့်ဖြူးရေးအပိုင်း များတွင် နိုင်ငံတော်မှ အတတ်နိုင်ဆုံး အထောက်အကူပေးမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များ ဘက်မှလည်း စီးပွားရေးဆန်ဆန် မဆောင်ရွက်ကြရန် အရေးကြီးပါသည်။ ရှေးအစဉ်အဆက် နှစ်ပေါင်းများစွာသုံးစွဲခဲ့ကြသည့် သမားရိုးကျနည်းစနစ်ကို ဖယ်ရှား၍ ခေတ်မီနည်းစနစ်များကို အစားထိုးရာတွင် သုံးစွဲကြသူများက လိုလိုလားလား နှစ်ခြိုက်လက်ခံနိုင်သည့် အဆင့်ရောက် သည်အထိ စိတ်ရှည်ရှည်ထား၍ ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ မိမိတို့ တီထွင်ထုတ်လုပ်သည့်  ပုံစံသစ်ပစ္စည်းများသည် အရည်အသွေးအားဖြင့် သမားရိုးကျပစ္စည်းများထက် သာလွန်ရမည်ဖြစ်သကဲ့သို့ စျေးနှုန်းသက်သာစေရန်နှင့် သုံးစွဲရာ တွင်လည်း ကြာရှည်ခံစေရန် စေတနာမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အရည် အသွေးကောင်းမွန်၍ သုံးစွဲသူများ နှစ်သက်လက်ခံနိုင်သည့် အဆင့်ရောက်ပါက သုံးစွဲသူများ လိုအပ်သလောက် တွင်ကျယ်စွာ ဖြန့်ဖြူးပေးနိုင်ရန် အချိန်တိုတိုအတွင်း အများအပြား ထုတ်လုပ် နိုင်မည့်နည်းစနစ်ဖြင့် ထုတ်လုပ်ပေးနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်ပေးရပါမည်။ သို့မှသာ သစ်၊ ထင်း သုံးစွဲမှု တစ်ဟုန်ထိုးကျဆင်းသွားကာ နိုင်ငံတော်၏ ရည်မှန်းချက်များ၊ ရာနှုန်းပြည့် ရရှိနိုင်မည်ဖြစ်ပါသည်။

လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု