ADB- GEF စီမံကိန်း

Asian Development Bank(ADB) နှင့် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်ပိုင်းဒေသ အပူပိုင်း သစ်တောကြိုးဝိုင်း များ၏ ဂေဟ စနစ် ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ် မှုများ မြှင့်တင်ရေးစီမံကိန်း“Rural Productivity and  Ecosystems   Services Enhanced in Central Dry Zone  Forest Reserves”ကိုမန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ မယ်ညိုတောင် ကြိုးဝိုင်းနှင့်  အနီးဝန်းကျင်ရှိ ကျေးရွာ(၁၆)ရွာတွင် ၂၀၁၇ -ခုနှစ်မှ ၂၀၂၂- ခုနှစ်အထိ(လပေါင်း၆၀) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းမှာ Global Environment Facility(GEF) ဖြစ်ပြီးထောက်ပံ့မှု (ရန်ပုံငွေ) မှာ အမေရိကန်ဒေါ်လာ(၄.၇၉)သန်း ဖြစ်ပါသည်။                 စီမံကိန်းတွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ အပူပိုင်းဂေဟစနစ် ကာကွယ်ထိန်းသိမ်းခြင်းနှင့် ရေရှိရေး လုပ်ငန်း စဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

                        အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ADB တို့အကြား ROD လက်မှတ်ရေးထိုးခြင်းကို (၁၃-၂-၂၀၁၈ရက်နေ့တွင်)ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။          စီမံကိန်းတွင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  စီမံကိန်း လုပ်ငန်းများ အချိန်နှင့်တပြေးညီ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေး ကြီးကြပ်လမ်းညွှန်မှု ပြုနိုင်ရန်အတွက် စီမံကိန်းကြီးကြပ်မှု ကော်မတီ (Technical Steering Committee) နှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ နည်းပညာရပ်ဆိုင်ရာ လိုအပ်ချက်များအား စိစစ်သုံးသပ်၍ အကြံဉာဏ်များ ကူညီ ပံ့ပိုးပေးနိုင်ရန်အတွက် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ (Executive Committee) တို့ကိုလည်း  ဖွဲ့စည်းပြီးဖြစ်ပါသည်။

စီမံကိန်းတွင် Nippon Koei Co., Ltd. အား International Consultant Firm အဖြစ် ADB မှ ငှားရမ်းခဲ့ပြီး အဆိုပါ Consultant Firm တွင် ပြည်တွင်း ကျွမ်းကျင် သူ(၁၁)ဦး၊ ပြည်ပကျွမ်းကျင်သူ(၉)ဦး ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

(ခ-၁) စီမံကိန်းကာလ (၂၀၁၈-၁၉  မှ ၂၀၂၁-၂၂) အတွင်း ဆောင်ရွက်မည့်လုပ်ငန်း လျာထားချက်များ

စဉ်

လုပ်ငန်း

၂၀၁၈-၁၉ လျာထား

၂၀၁၉-၂၀ လျာထား

၂၀၂၀-၂၁ လျာထား

စုစုပေါင်း

စိုက်ခင်းတည်ထောင်ခြင်း (ကျေးရွာသုံး)

(ဟက်တာ)

၇၀

၂၀၀

 

၂၇၀

စိုက်ခင်းတည်ထောင်ခြင်း (ရေဝေရေလဲ)

(ဟက်တာ)

၈၀

၂၀၀

 

၂၈၀

သဘာဝတောကျန်များထိန်းသိမ်း

ကာကွယ်ခြင်း(ဟက်တာ)

၂၀၀

၁၀၀၀

 

၁၂၀၀

ကွက်လပ်ဖြည့်စိုက်ခင်း(ပင်)

၂၄,၅၁၀

၄၀,၈၅၀

 

၆၅,၃၆၀

​မြေအောက်ရေတူးဖော်ခြင်း(တွင်း)

 

ဂါလံ(၂၀၀)ဆန့်မိုးရေခံကွန်ကရစ်

ကန်ပြုလုပ်ခြင်း(ကန်)

၂၇၀

၂၁၀

 

၄၈၀

ဂါလံ(၇,၅၀၀)ဆန့်မိုးရေတည်

ဆောက်ခြင်း(ကန်)

 

 

​၈

​ရေကန်ငယ်များပြန်လည်ပြုပြင်ခြင်း

၁၂

 

 

၁၂

​ကျောက်စီနုန်းထိန်းတမံငယ်

တည်ဆောက်ခြင်း(ခု)

၁၅

၂၅

 

၄၀

၁၀

သစ်ကိုင်းဖျားနားသုံးနုန်းထိန်း

တမံငယ်တည်ဆောက်ခြင်း(ခု)

၄၆

၄၅

 

၉၁

၁၁

သစ်တောလမ်းဖောက်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်း

(မီတာ)

၄၈၂၈

 

 

၄၈၂၈

၁၂

မီးမျှော်စင်တည်ဆောက်ခြင်း (ခု)

 

 

၁၃

စီမံကိန်းရုံးပြုပြင်ခြင်း (ခု)

 

 

၁၄

(ပျိုးဥယျာဉ်)တောစခန်းတည်ဆောက်ခြင်း (ခု)

 

 

၁၅

ခြံစည်းရိုးကာရံခြင်း (စိုက်ခင်း) (မီတာ)

၁၅၀၀၀

၄၀၀၀၀

 

၅၅၀၀၀

၁၆

ခြံစည်းရိုးကာရံခြင်း (သဘာဝတော)(မီတာ)

၅၀၀၀

၅၀၀၀

 

၁၀၀၀၀

၁၇

ပျိုး(၁)သိန်းဆန့် နှင့် ပျိုး(၅)သောင်းဆန့် ပျိုးဥယျာဉ်တည် ဆောက်ခြင်း (ခု)

 

 

မှတ်ချက်။   ၂၀၁၈-၁၉ ဘဏ္ဍာနှစ် လျာထားချက်များအား ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

                (ခ-၂) ဦးစီးဌာနက တာဝန်ယူကျင်းပပြီးစီးပြီး အစည်းအဝေးများ

စဉ်

အစည်းအဝေးအမည်

ကျင်းပသည့်

ကာလ

ကျင်းပသည့်

နေရာ

စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ပထမအကြိမ် အစည်းအဝေး(1st  TSC)

၆-၂-၂၀၁၉

စန္ဒကူးခန်းမ၊

ဦးစီးရုံးချုပ်

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး(2nd TSC)

၄-၁၁-၂၀၁၉

အစည်းအဝေးခန်းမ၊

ဦးစီးရုံးချုပ်

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အစည်းအဝေး

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ပထမအကြိမ် အစည်းအဝေး(1st  PEC)

၉-၄-၂၀၁၉

ဝင်ဇင်းဟိုတယ်၊

မိတ္ထီလာမြို့

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး( 2nd PEC)

၂၈-၆-၂၀၁၉

စန္ဒကူးခန်းမ၊

ဦးစီးရုံးချုပ်

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီတတိယအကြိမ် အစည်းအဝေး( 3rd PEC)

၆-၉-၂၀၁၉

ဝင်ဇင်းဟိုတယ်၊

မိတ္ထီလာမြို့

စီမံကိန်းလပတ်အစည်းအဝေး

စီမံကိန်း လပတ်အစည်းအဝေး (ပထမအကြိမ်)

၁၀-၇-၂၀၁၉

အစည်းအဝေးခန်းမ၊

ဦးစီးရုံးချုပ်

စီမံကိန်း လပတ်အစည်းအဝေး (ဒုတိယအကြိမ်)

၇-၈-၂၀၁၉

-။-

စီမံကိန်း လပတ်အစည်းအဝေး (တတိယအကြိမ်)

၁၈-၁၀-၂၀၁၉

-။-

အခြားအစည်းအဝေး

ADB-GEF စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်ရေးကနဦးညှိနှိုင်းအစည်းအဝေး(ADB Misson)

၁၂-၁၁-၂၀၁၈မှ

၁၅-၁၁-၂၀၁၈ ထိ

စန္ဒကူးခန်းမ၊

ဦးစီးရုံးချုပ်

၁၀

စီမံကိန်းစတင်ခြင်းဆိုင်ရာရှင်းလင်းပွဲ

၃-၃-၂၀၁၉

Lake View ဟိုတယ်၊မိတ္ထီလာမြို့

၁၁

Kick Off Meeting (ADB  Mission)

၂၄-၆-၂၀၁၉ မှ

၂၆-၆-၂၀၁၉ ထိ

အစည်းအဝေးခန်းမ၊ဦးစီးရုံးချုပ်

 

                (ခ-၃)       ၂၀၁၉-၂၀ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေ

                                (၁) စိုက်ခင်းတည်ထောင်ခြင်း

စဉ်

လုပ်ငန်းအမျိုးအစား

လျာထား (ဟက်တာ)

ပြီးစီး (ဟက်တာ)

ပြီးစီးမှု

ရာခိုင်နှုန်း

တည်နေရာပြုစုပေးပို့ခြင်း

၄၀၀

၃၆၀

၉၀%

မြေနေရာရေွးချယ်ခြင််း

၄၀၀

၃၆၀

၉၀%

မြေတိုင်းတာခြင်း

၄၀၀

၁၈၀

၄၅%

                               

                                (၂) သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း

စဉ်

လုပ်ငန်းအမျိုးအစား (ယူနစ်)

လျာထား

ပြီးစီးမှု

ပြီးစီးမှု

ရာခိုင်နှုန်း

ကွင်းဆင်းတိုင်းတာခြင်း (ဟက်တာ)

၁၀၀၀

        ၅၀၀

၅၀%