၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ (၅)နှစ်ဆက်တိုက် သဘာဝတောထိန်းဧရိယာအတွင်း တစ်ခရိုင်လျှင် တစ်ဧက အကျယ်အဝန်းရှိ ကောင်း/သင့်/ညံ့ အလွှာ(၃)လွှာ အမြဲတမ်း နမူနာကွက်(PSP)များစာရင်း

စဉ်

ခရိုင်/မြို့နယ်

တည်နေရာ

 

စစ်ကိုင်းတိုင်းဒေသကြီး

 

ရွှေဘို/ကန့်ဘလူ

စံပယ်နံ့သာကြိုးဝိုင်း၊အကွက်(၉၆၊၉၈၊၁၀၄၊၁၀၆)

ရွှေဘို/တန့်ဆည်

ရွာမုံတောင်ကြိုးပြင်ကာကွယ်တော

ယင်းမာပင်/ယင်းမာပင်

ဖိုဝင်တောင်ကြိုးဝိုင်း

 

မကွေးတိုင်းဒေသကြီး

 

ပခုက္ကူ/ရေစကြို

ရှင်မတောင်ကြိုးဝိုင်း၊ အကွက် (၁၆)

မကွေး/မြို့သစ်

စည်သာကြိုးဝိုင်း၊ အကွက် (၂၇)

မင်းဘူး/မင်းဘူး

လေးပင်-အိုင်းမကြိုးပြင်ကာ ကွယ်တော

သရက်/သရက်

စက်တောင်အဆိုပြုကြိုးပြင်ကာ ကွယ်တော

 

မန္တလေးတိုင်းဒေသကြီး

 

ကျောက်ဆည်/မြစ်သား

ပြက္ခယွေကြိုးဝိုင်း၊အကွက် (၄၉၊၅၀)

ညောင်ဦး/ညောင်ဦး

မြေသင်းတွင်းကြိုးပြင်ကာကွယ်တော

၁၀

မိတ္တီလာ/ဝမ်းတွင်း

တောင်ကြီးကုန်းကြိုးဝိုင်း

၁၁

ရမည်းသင်း/ပျော်ဘွယ်

ပျဉ်းမတောင်ကြိုးပြင်ကာကွယ်တော

      အမြဲတမ်းနမူနာကွက်များကောက်ယူခြင်း ဆောင်ရွက်ရမည့် ညွှန်ကြားချက်(အကျဉ်း)

       ထိန်းသိမ်းကာကွယ်သည့် သဘာဝတောများ၏ မထိန်းသိမ်းမီနှင့် ထိန်းပြီးတိုးတက်မှု အခြေအနေ များကို စနစ်တကျမှတ်တမ်းတင်နိုင်ရန်အတွက်  (၁)ဧကအရွယ် အမြဲတမ်း နမူနာကွက်   ( Permanent Sample Plot – PSP )များကို တစ်ခရိုင်လျှင် တစ်ကွက်ချမှတ်၍ စာရင်းကောက်ယူခြင်းလုပ်ငန်း  (ပါဝင်ပင်များ၏ အမြင့်နှင့်ရင်စို့ လုံးပတ်တိုင်းတာခြင်း)အား နှစ်စဉ်တစ်နှစ်လျှင် (၂)ကြိမ် (ဇွန်လ တစ်ကြိမ်၊  ဒီဇင်ဘာလ တစ်ကြိမ်) ဆောင်ရွက်လျက်ရှိပါသည်။