Greenig Complex Zone စီမံကိန်းအား မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်း မြို့နယ်၊ ရေနံချောင်းမြို့ရှောင်လမ်းဘေး ဝဲ/ယာ မိုင်တိုင်အမှတ် (၁/၇) မှ (၈/၀) အတွင်း ဆောင်ရွက် လျက်ရှိပါသည်။ စီမံကိန်းကာလမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ (၅) နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။ စီမံကိန်းဧရိယာအနီးတွင် ယင်းမချောင်းကြိုးပြင် ကာကွယ်တော (၂၄၃၀)ဧကနှင့် နတ်ကန်ဦးကြိုးပြင်ကာကွယ်တော (၁၇၄၀) ဧကတို့ တည်ရှိပါသည်။ စီမံကိန်း တည်ရှိရာ ဧရိယာမှာ မြေအတန်းအစားညံ့ဖျင်း၍ သဘာဝပေါက်ပင် ကျဲပါးစွာပေါက်ရောက် လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ၎င်းမြေကွက်လပ်နေရာများတွင် သစ်တောသစ်ပင်များ ပြန်လည်ရှင်သန် ဖြစ်ထွန်းလာပြီး လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်လာကာ ဒေသခံပြည်သူများ လူမှုစီပွားတိုးတက်ရေး ကို အထောက်အကူပြုစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီမံကိန်းမှ ဆောင် ရွက်သွားမည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Greening Complex Zone စီမံကိန်း
စီမံကိန်းအမည် | ဆောင်ရွက်သည့် လုပ်ငန်းများ | ဆောင်ရွက်မည့် ပမာဏ(နှစ်စဉ်) |
Greening Complex Zone စီမံကိန်း (ရေနံချောင်းမြို့နယ်) |
(က) သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများ | |
(က-၁) ဖြည့်စွက် အထူးစိမ်းပျိုးပင်ကြီးများ စိုက်ပျိုးခြင်း | ၁၂၀၀၀ ပင် | |
(က-၂) ဖြည့်စွက်စိုက်ကွက် Bio Fencing ပြုလုပ်ခြင်း (နာနတ်ရိုင်း၊ ရှားစောင်း(ဒေသအခေါ်)) |
၁၀၀၀ ပင် | |
(က-၃) သဘာဝတောထိန်း(ကွက်လပ်ဖြည့်)စိုက်ပျိုးခြင်း | ၃၅၀၀ ပင် | |
(က-၄) Acacia Hybrid နှင့်ပင်လယ်ကဗွီး စိုက်ပျိုးခြင်း | ၁၀၀၀ ပင် | |
(က-၅) Vetiver မြက် စိုက်ပျိုးခြင်း | ၅၀၀၀ ပင် | |
(ခ) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း | ၂၀၀၀ ဧက | |
(ခ-၁) ဓမ္မတာမျိုးဆက်ခြင်း | ၂၀၀ ဧက | |
(ဂ) ထင်းအစားအခြားလောင်စာ အသိပညာပေးခြင်း | ၁၂ ကြိမ် | |
(ဂ-၁) စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း၊ | ၄၈၂ လုံး | |
(ဂ-၂) လက်ကမ်းစာစောင်ဖြန့်ဝေခြင်းး | ၄၈၂ စောင် | |
(ဃ) ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ | ||
(ဃ-၁) ကျောက်စီနုန်းထိန်းတမံ | ၈ ခု | |
(ဃ-၂) သစ်ကိုင်းဖျားသုံးနုန်းထိန်းတမံ | ၁၆ ခု | |
(ဃ-၃) ရေကန်ငယ် | ၂ ကန် | |
(ဃ-၄) တစ်ဖက်ရပ်ဆည် | ၁ ခု | |
(င) တည်ဆောက်ရေးလုပ်ငန်းများ(အထောက်အကူပြု) |