အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “ငွေစာရင်းလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅)” သင်တန်ဆင်းပွဲအခမ်းအနားကျင်းပ
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “ငွေစာရင်းလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅)” သင်တန်းဆင်းပွဲအခမ်းအနားကို ၁၇-၁-၂၀၂၅ ရက်နေ့ နေ့လယ် ၁၆:၁၅ မိနစ် အချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်း/အမှုထမ်းများ အထူးဖိတ်ကြားထားသော သစ်တောဦးစီးဌာနမှ အရာထမ်းများ တတ် ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။
ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းကို ရုံးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ဦးစီးရုံးချုပ်နှင့်တိုင်းဒေသကြီးများက စာရင်းကိုင်-၂ (၃) ဦး၊ ဌာနခွဲစာရေး (၁) ဦး၊ စာရင်းကိုင်-၃ (၉) ဦး၊ စာရင်းကိုင်-၄ (၅) ဦး နဲ့ အကြီးတန်းစာရေး (၂) ဦး စုစုပေါင်းသင်တန်းသား/သင်တန်းသူ (၂၀) ဦး နှင့်ဖွင့်လှစ်သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ စာရင်းကိုင်ဝန်ထမ်းများ အနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းနဲ့ ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းတွေကို ကောင်း စွာသိရှိနားလည်ကြစေဖို့နဲ့ ညွှန်ကြားချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ကြစေဖို့ ရည်ရွယ် ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယခုသင်တန်းတွင် စာရင်းကိုင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတတ် မြင့်မားလာစေရန်၊ ရုံးလုပ်ငန်းများစနစ်တကျဆောင်ရွက်တတ်စေရန် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲ မှုဆိုင်ရာစည်းမျဉ်းများ၊ Microsoft Excel နှင့် စာရင်းရေးသွင်းနည်းများ၊ ငွေစာရင်းထိန်းသိမ်းရေးနည်း လမ်း ညွှန်ကြားချက်များအား သိရှိနားလည်စေရန် သင်ကြားပို့ချခဲ့ပါကြောင်း သိရှိရပါသည်။
နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသား/သူ များအနေဖြင့် မိမိတို့တာဝန်ကျ ရာ နေရာဒေသများတွင် ယခုသင်တန်းမှ ရရှိခဲ့သော အသိပညာဗဟုသုတများအား ပြန်လည်မျှဝေပေးကြစေလို ပါ ကြောင်း၊ ဌာနလုပ်ငန်းများအား စေတနာအပြည့်၊ ခံယူချက်အပြည့်နဲ့ ကြိုးစားဆောင်ရွက်ပေးကြခြင်းအား ဖြင့် ဦးစီးဌာန၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပိုမိုမှန်ကန်မြန်ဆန်လာပြီး ပြီးပြည့်စုံသော ရုံးလုပ်ငန်းများ ဖြစ် လာဖို့ ကြိုးစားပေးကြစေလိုကြောင်းနှင့် စိမ်းစိုဌာန၏ ဝန်ထမ်းကောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုး စားဆောင်ရွက်ကြပါစေကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။