03
Oct

ညောင်ဦးခရိုင်စိမ်းလန်းစိုပြည်ရေး(၁၀)နှစ်စီမံချက်နှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

                                 အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂-၁၀-၂၀၂၄) ရက်နေ့တွင်ညောင်ဦးခရိုင်စိမ်းလန်းစိုပြည်ရေး(၁၀)နှစ်စီမံကိန်းနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား   ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်းနှင့် ဦးစီးရုံးချုပ်ရှိ ဌာနခွဲအသီးသီးမှ အရာထမ်းများ၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ ညောင်ဦးခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

                 အစည်းအဝေးတွင် ညောင်ဦးခရိုင်စိမ်းလန်းစိုပြည်ရေး(၁၀)နှစ်စီမံချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီးညွှန်ကြားရေးမှူးမှရှင်းလင်းတင်ပြခြင်း၊ ညောင်ဦးခရိုင်လက်ထောက် ညွှန်ကြားရေးမှူးမှ ညောင်ဦးခရိုင်စိမ်းလန်းစိုပြည်ရေးနှင့်ပတ်သက်၍ အ‌သေးစိတ်အစီအမံများ၊ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အခက်အခဲများအားရှင်းလင်းတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့မှ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရပါသည်။