15
Jul

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း နှင့် နေ့စားဝန်ထမ်း စုစုပေါင်း (၁၀၉) ဦး တို့၏ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ ဝန်ထမ်းသက်သာထောက်ပံ့ပေးအပ်ပွဲသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့် ဌာနခွဲအသီးသီးမှ အရာ ထမ်း၊ အမှုထမ်းများ နှင့် နေ့စားဝန်ထမ်းများ တတ်ရောက်ခဲ့ကြပြီး ဝန်ထမ်းတစ်ဦးလျှင် ဆန် (၁၂) ပြည် နှုန်း ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။