“COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် မျက်နှာအကာ (Face Shield)နှင့် နှာခေါင်းစည်း (Mask) များ ဝတ်ဆင်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု”
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေး အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျက်နှာအကာ (Face Shield) နှင့် နှာခေါင်းစည်း (Mask) များ ဝတ်ဆင်၍ ပြည်ထောင်စု နှင့််တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများမှ ထုတ်ပြန်ထားရှိသည့် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
နေ့စဉ် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစတင်၍ အင်အား အပြည့်ဖြင့် ပြန်လည် ဆောင်ရွက်လျက်ရှိပြီး၊ ရုံးဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ လက်ဆေးရန် လက်ဆေး ရေစင်နှင့် လက်သန့် ဆေးရည်များ ထားရှိပေးခြင်း၊ မျက်နှာအကာ (Face Shield)နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်စေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။