အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး (၃)ခုအတွင်းရှိ သဘာဝ တောများသည် သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲမှု လွန်ကဲခြင်း၊ လူဦးရေ တိုးပွားလာသဖြင့် နေအိမ် အဆောက်အဦများ၊ စိုက်ပျိုးမြေများ တိုးချဲ့ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကြောင့် နှစ်စဉ် ပျက် သုဉ်းလျက် ရှိပါသည်။ အထူးသဖြင့် သွားလာမှုလွယ်ကူပြီး လူနေဒေသနှင့် နီးကပ်သည့် သဘာဝ တောများသည် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပါသည်။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ အကြောင်းအမျိုးအမျိုးကြောင့် ပျက်စီးပြုန်းတီးနေသော တောပျက်တောညံ့များကို အချိန်တိုကာလ အတွင်း စရိတ်စကအသက်သာဆုံးဖြင့် ရေ၊ မြေ၊ သဘာဝနှင့် လိုက်လျောညီထွေစွာ တောအဆင့်အတန်း ပြန်လည်တိုးတက်ကောင်းမွန်လာစေရန် စနစ်တကျထိန်းသိမ်းပြုစု ပျိုးထောင်ပေးသည့် လုပ်ငန်းဖြစ် ပါသည်။ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် ယခင်က (၂)နှစ်ဆက်တိုက် ထိန်းသိမ်းကာကွယ်ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ (၅)နှစ်ဆက်တိုက် ပြောင်းလဲပြီး နှစ်အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းအချိန်ဇယားများ သတ်မှတ်ကာ ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။ (၅)နှစ်ဆက်တိုက် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ် ခြင်းလုပ်ငန်းအား နှစ်စဉ်ဧရိယာအသစ် တိုးချဲ့ဆောင်ရွက်ရန် မဟုတ်ဘဲ (၃)နှစ်ခြားပြီး (၁)ကြိမ်စီသာ လုပ်ငန်းဧရိယာအသစ် ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၁ -၂၀၂၂ ၆-လဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး(၃)ခုအတွင်း သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –