အထူးစိမ်းလန်းစိုပြည်ရေးစိုက်ပျိုးခြင်း
အထူးစိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်းလုပ်ငန်းအား နှစ်ရှည်ပြုစုပျိုးထောင်ထားရှိသည့်် ကြံ့ခိုင်သန်စွမ်းသည့် ပျိုးပင်ကြီးများဖြင့် အောက်ပါ လုပ်ငန်းခေါင်းစဉ်များအလိုက် နှစ်စဉ် စီမံချက်များ ချမှတ်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်-
(က) ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း
(ခ) လမ်းဘေးဝဲယာတစ်အုပ်တစ်မစိုက်ပျိုးခြင်း
(ဂ) ကွန်တိုဘောင်စိုက်ပျိုးခြင်း
(ဃ) ဖြည့်စွက်စိုက်ပျိုးခြင်း
(င) သဘာဝတောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း
တိုင်းဒေသကြီး(၃)ခုတွင် ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်အထိ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ပျိုး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုမှာ တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်-
−၃၄−
စဉ် | လုပ်ငန်းအမျိုးအမည် | တိုင်းဒေသကြီး | စိမ်း/စိုပေါင်း | ||
စစ်ကိုင်း | မကွေး | မန္တလေး | |||
၁ | ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း | ၁၀၅၃၁၄ | ၄၃၂၁၃၈ | ၁၇၁၆၀၀ | ၇၀၉၀၅၂ |
၂ | လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း | ၂၈၇၅၀ | ၇၈၀၁၀ | ၅၇၇၇၂ | ၁၆၄၅၃၂ |
၃ | ကွန်တိုဘောင်စိုက်ပျိုးခြင်း | ၅၂၅၉ | ၂၀၀၀ | ၃၇၅ | ၇၆၃၄ |
၄ | ဖြည့်စွက်စိုက်ပျိုးခြင်း | – | ၁၃၅၀၀ | – | ၁၃၅၀၀ |
၅ | သဘာဝတောထိန်းဧရိယာ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း | ၂၅၁၂၅ | ၇၇၄၂၅ | ၆၁၆၂၅ | ၁၆၄၁၇၅ |
စုစုပေါင်း | ၁၆၄၄၄၈ | ၆၀၃၀၇၃ | ၂၉၁၃၇၂ | ၁၀၅၈၈၉၃ |