“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြ ကျေးရွာများအား ဆုချီးမြှင့်ခြင်းနှင့် ပညာပေးပြပွဲ အခမ်းအနားကျင်းပခြင်း”
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြ ကျေးရွာများအား ဆုချီးမြှင့်ခြင်းနှင့် ပညာပေးပြပွဲ အခမ်းအနားအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ရှိ Umbra Hotel တွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့်် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်တို့ တက်ရောက်၍ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ထင်းအစား အခြားလောင်စာသုံးစွဲသည့် စံပြကျေးရွာတည်ထောင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ခဲ့သည့်် ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာများအနက်မှ ဆောင်ရွက်မှု ကောင်းမွန်သော ကျေးရွာ (၃)ရွာအား ထူးချွန်စံပြ ကျေးရွာများအဖြစ် ရွေးချယ်ဆုချီးမြှင့််ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှ ကြိုးကြာကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှ ထုံးမကြီးကျေးရွာနှင့်် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ တပေါက်ရုံကျေးရွာတို့မှ ဆုရရှိကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့်် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့််ရာ ကျေးရွာအလိုက် ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူ များသည် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် ထင်းအစားထိုး လောင်စာသုံးစွဲခြင်းနှင့် စွမ်းအားမြှင့် မီးဖိုများ သုံးစွဲခြင်းဆိုင်ရာ ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။