04
Oct

၉/၂၀၂၄ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အောက်တိုဘာလ (၄) ရက်

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် အတွင် ၉/၂၀၂၄ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် ဦးစီးရုံးချုပ် ဌာနခွဲအသီးသီးရှိ ညွှန်ကြား ရေးမှူးများ နှင့် အရာထမ်းများ တတ်ရောက်ခဲ့ကြပါသည်။

အဆိုပါအပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အစီအစဉ် (၉) ရပ်ဖြင့် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တတ်ရောက်လာသော  အရာထမ်းများမှ  သက်ဆိုင်ရာလုပ်ငန်းများအလိုက် ရှင်းလင်းတင်ပြခြင်း၊ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယညွှန် ကြားရေးမှူးချုပ်မှ သုံးသပ်ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ပါ ကြောင်း သိရှိရပါသည်။