05
Jan

(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများ ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးဝင်းအတွင်း “(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများအား ကျင်းပခဲ့ပါကြောင်းသိရှိရပါသည်။ အားကစားပြိုင်ပွဲများတွင် အား ကစားနည်း (၁၆) မျိုးဖြင့် ပြိုင်ပွဲများကျင်းပခဲ့ရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဝန်ထမ်းမိသားစုများ၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းမိသားစုများ နှင့် သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ ပုသိမ်ကြီးမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့မှ ဝန်ထမ်းမိသားစုများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်းသိရှိရပါသည်။

အဆိုပါအားကစားပြိုင်ပွဲအသီးသီး၌ ဆုရရှိခဲ့သူများအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ညွှန်ကြားရေးမှူး (စီမံ)၊ ညွှန်ကြားရေးမှူး (စီမံကိန်း)၊ ညွှန်ကြားရေးမှူး (အင်ဂျင်နီယာ)၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး နှင့်  ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တတ်ရောက်၍ ဆုချီးမြှင့်ခဲ့ပါ ကြောင်း သိရှိရပါသည်။