
“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ (၁၅)နေရာ ခန့်အပ်နိုင်ရေးအတွက် တောအုပ်ကြီး ရာထူးဝင် အရည်အချင်းစစ် စာမေးပွဲ ကျင်းပခြင်း”


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ (၁၅)နေရာ ခန့်အပ်နိုင်ရေးအတွက် တောအုပ်ကြီး ရာထူးဝင် အရည်အချင်းစစ် စာမေးပွဲကို (၃-၈-၂၀၁၉)ရက်နေ့နှင့် (၄-၈-၂၀၁၉)ရက်နေ့တို့တွင် နေပြည်တော်၊ ရေဆင်းရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ စာမေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တောအုပ်ကြီး ရာထူးဝင် အရည်အချင်းစစ် စာမေးပွဲအား သတ်မှတ်အရည်အချင်းများဖြင့် ကိုက်ညီ၍ ဖြေဆိုခွင့်ရရှိသည့် သိပ္ပံ(သစ်တော)ဘွဲ့ ရရှိပြီးသူ (၄၂)ဦး တို့သည် ၃-၈-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာစာနှင့် မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာ ဘာသာရပ်များ၊ ၄-၈-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် အထွေထွေဗဟုသုတရပ်များအား ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲကြီးကြပ်ရေးအဖွဲ့က ရာထူးဝင်ခွင့် ရေးဖြေ စာမေးပွဲဖြင့် အရည်အချင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။