
“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား World Bank Mission မှ Mr. Martin Foder ဦးဆောင်သည့်အဖွဲ့မှ လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း”


သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၃-၅-၂၀၁၉) ရက်နေ့၊ နံနက် (၉:၃၀) နာရီ အချိန်တွင် World Bank Mission မှ Senior Environmental Specialist ဖြစ်သူ Mr. Martin Foder ဦးဆောင်သည့် အဖွဲ့မှ လာရောက် တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် တာဝန်ရှိသူများမှ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်မှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန၏ အဓိက ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိမ်းလန်း စိုပြည်ရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ရေရရှိရေး လုပ်ငန်းများ၊ စွမ်းအားမြှင့် မီးဖို ဖြန့်ဝေခြင်း လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများအား အပြန်အလှန် ဆွေးနွေး မေးမြန်းခဲ့ပြီး၊ World Bank Mission အနေဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။