
“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ သန္ဓေတောခေါင်းများအား မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၉ ခုနှစ် အခြေခံသစ်တောပညာ သင်တန်းအမှတ်စဉ် (၁၁၅)အတွက် သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ ကျင်းပခြင်း”


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သန္ဓေတောခေါင်းများအား မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၉ ခုနှစ် အခြေခံသစ်တောပညာ သင်တန်းအမှတ်စဉ်(၁၁၅)၊ (၂)နှစ်သင်တန်းသို့ တက်ရောက်နိုင်ရန်အတွက် သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ၂၂-၄-၂၀၁၉ ရက်နေ့နှင့် ၂၃-၄-၂၀၁၉ ရက်နေ့များတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သတ်မှတ်အရည်အချင်းများဖြင့် ကိုက်ညီသူ သန္ဓေ တောခေါင်းဝန်ထမ်း (၃၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၂-၄-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာစာနှင့် မွန်းလွဲပိုင်းတွင် အထွေထွေဗဟုသုတ ဘာသာရပ်များ၊ ၂၃-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် သင်္ချာဘာသာရပ်များအား ဖြေဆိုခဲ့ကြပြီး သင်တန်းဝင်ခွင့် အရည်အချင်း စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြပါသည်။