
04
Mar
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ၃/၂၀၂၅ ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၌ ၃/၂၀၂၅ ဝန်ထမ်းစုံညီအစည်းအဝေး (ဒါဘာ) အခမ်းအနားအား ၄-၃-၂၀၂၅ ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တတ်ရောက်ခဲ့ကြပါသည်။ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအား အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ရာ ဦးစီးရုံးချုပ် ဌာနခွဲအသီးသီးရှိ ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။