![](https://www.dryzonegreening.gov.mm/wp-content/uploads/2025/02/2C1A0244-scaled.jpg)
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲကျင်းပပြုလုပ်ခြင်း
ပူပြင်းခြောက်သွေ့သောနွေရာသီသို့ရောက်ရှိလာတော့မည်ဖြစ်ပါသောကြောင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတတိုးပွားစေရန် နှင့် အရေး ပေါ်အခြေ အနေများရင်ဆိုင်ကြုံတွေ့လာသည့်အခါ မှန်ကန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မီးဘေး လုံခြုံရေးအသိပညာပေးဟောပြောပွဲ နှင့် လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လည် (၁၃:၃၀) မိနစ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပုသိမ် ကြီးမြို့၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် မှ မီးဘေးလုံခြုံ ရေးနှင် စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးမြို့ တွင်းဖြစ်ပွားခဲ့သော မီးလောင်မှု ဖြစ်စဉ်များကို Video မှတ်တမ်းများပြသ၍ သင်ခန်းစာဖော်ထုတ်ရှင်း လင်းဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ဖော်မီးငြိမ်းသတ်ခြင်း နှင့် ဝန်ထမ်းများအား လက်တွေ့သရုပ်ဖော် မီးငြိမ်းသတ်ခြင်းရာတွင် ပူးပေါင်းဆောင်ရွက်စေခြင်း တို့ကို ဆောင်ရွက်ခဲ့ရာ ညနေ ၁၆:၀၀ နာရီ အချိန် တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲနှင့် သရုပ်ပြပွဲသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်း များနှင့် ဦးစီးရုံးချုပ်ဝင်းရှိ ဝန်ထမ်းမိသားစုဝင်များ တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။