အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ “တိုးချဲ့ပညာပေးရေး၊ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း လုပ်ထုံးလုပ်နည်းများ နည်းစနစ်သင်တန်း အမှတ်စဉ်(၁) ” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “တိုးချဲ့ပညာပေးရေး၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် ရေရရှိရေးအကောင်အထည် ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းလုပ်ထုံးလုပ်နည်းများနည်းစနစ်သင်တန်း အမှတ်စဉ်(၁)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၇-၁-၂၀၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများ နှင့် အရာထမ်း များ အထူးဖိတ်ကြားထားသော သစ်တောဦးစီးဌာနမှ အရာထမ်းများ တတ် ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။
ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ်က ဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတတ်ပြောင်းလဲနေလျက်ရှိသော ခေတ်စနစ်နှင့်အညီ စွမ်းဆောင်ရည်မြှင့်မားဖို့ လိုအပ်လျက်ရှိသော ကြောင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများအား ဘဏ္ဍာနှစ်အလိုက်ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ယခုသင် တန်းတွင် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီးများမှ ဦးစီးအရာရှိ (၄) ဦး နှင့် တောအုပ်ကြီး (၁၆) ဦး စုစုပေါင်း သင်တန်းသား (၂၀) ဦး နဲ့ ဖွင့်လှစ်ပို့ချ သွားမှာဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ လုပ်ငန်းများအား အဓိကတာဝန်ယူ ဆောင် ရွက်နေကြသော ဝန်ထမ်းများအနေဖြင့် တိုးချဲ့ပညာပေးလုပ်ငန်းများအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင် စေရန်၊ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဌာနမှ ထုတ်ပြန်ထားသော SOP များနှင့်အညီ ဆောင်ရွက်နိုင်စေဖို့ဖြစ်ပါကြောင်း၊ သစ်တောများ ရေရှည်တည်တံ့စေရေးနှင့် လူမှုုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်မှုသည် အပြန်အလှန်ချိတ်ဆက် လျက်ရှိကြောင်း ဒေသခံပြည်သူများ နားလည်သဘောပေါက်လက်ခံအောင် စည်းရုံးဖို့ လိုအပ်မှာဖြစ်ပါ ကြောင်း ပြောကြားပါသည်။
နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ မိမိတို့ဌာန၏ ရည်ရွယ်ချက်များနဲ့ ဆောင်ရွက်နေ သော လုပ်ငန်းများဟာ အပူပိုင်းဒေသ၏ ရေ၊ မြေ၊ သဘာဝဝန်းကျင်ကို တိုးတတ်ကောင်းမွန်စေဖို့၊ ကျေးလက်နေ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်ပြီး အင်မတန်မွန်မြတ်လှပါကြောင်း၊ ထို့ ကြောင့် မိမိတို့၏ အလုပ်ကို ဂုဏ်ယူတန်ဖိုးထားပြီး ဌာနအကျိုး၊ နိုင်ငံအကျိုးကို ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ကြိုး စားဆောင်ရွက်ကြစေလိုပါကြောင်း၊ အရည်အချင်းပြည့်ဝ၍ ကျင့်ဝတ်စည်းကမ်းကောင်းမွန်သော နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် အထူးကြိုးစားကြဖို့ တိုးတွန်းခဲ့ပါသည်။