
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်ခြင်း


အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် ၂၀၁၆ ခုနှစ်၊ တောအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၂)အား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ တောအုပ်ကြီး ဝန်ထမ်းများအနက် ဦးစီးရုံးချုပ်မှ တောအုပ်ကြီး သင်တန်းသား (၁)ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ တောအုပ်ကြီး သင်တန်းသား (၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ်ကြီး သင်တန်းသား(၁၃)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တောအုပ်ကြီး သင်တန်းသား(၁၀)ဦး၊ စုစုပေါင်း( ၃၀)ဦး တက်ရောက်ပြီး (၂၂-၈-၂၀၁၆) ရက်နေ့မှ (၂၆-၈-၂၀၁၆) ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။