23
Nov

ဝန်ထမ်းသစ်များခန့်ထားရန် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် –   ၁/၂၀၂၄

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅  ရက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ   ၅   ရက်

၁။                သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး များတွင် လစ်လပ်လျက်ရှိသော  အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ် ရာထူးအမည် လစာနှုန်း(ကျပ်) ခန့်ထားမည့်အရေအတွက်
ဦးစီး ရုံးချုပ် စစ်ကိုင်း တိုင်းဒေသကြီး မန္တလေး တိုင်းဒေသကြီး ပေါင်း
တောခေါင်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ 6 9 15
စာရင်းကိုင်(၄) ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ 3 1 5 9
အငယ်တန်းစာရေး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ 4 3 5 12
တောကြပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ 6 8 14
ယာဉ်မောင်း(၅) ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ 1 1 3 5
စဉ် ရာထူးအမည် လစာနှုန်း(ကျပ်) ခန့်ထားမည့် အရေအတွက်
ဦးစီးရုံးချုပ် စစ်ကိုင်း တိုင်းဒေသကြီး မန္တလေး တိုင်းဒေသကြီး ပေါင်း
ရုံးအကူ ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ 4 2 2 8
လုပ်သား 144000-2000-154000 5 13 18
  စုစုပေါင်း 12 24 45 81

၂။                လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်၊

(ခ)     တောခေါင်း၊ တောကြပ်၊ ယာဉ်မောင်း(၅) ရာထူးနေရာများအတွက် လျှောက်ထားလိုသူများသည် ၃၁-၁၀-၂၀၂၄ ရက်နေ့တွင် အသက် ၃၅ နှစ်                            ထက်မကြီးသူ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်ထက်မကြီးသူ) အမျိုးသားဖြစ်ရမည်၊

(ဂ)     အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)၊ ရုံးအကူ၊ လုပ်သားရာထူးနေရာများ အတွက် လျှောက်ထားလိုသူများသည် ၃၁-၁၀-၂၀၂၄ ရက်နေ့တွင်                             အသက် ၃၅ နှစ်ထက်မကြီးသူ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်ထက်မကြီး သူ) ဖြစ်ရမည်၊

(ဃ)    ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်၊

(င)     ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပါက အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၃) နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊

(စ)     နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊

(ဆ)    အစိုးရဌာန တစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal) ခံရသူများ လျှောက်ထားခွင့်မရှိပါ၊

၃။                လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထား များ ပူးတွဲ၍ ပေးပို့လျှောက်ထားရမည်-

(က)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(ခ)     ပြင်ပမှ အလုပ်လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်(ပုံစံ-၂) မိတ္တူ၊

(ဂ)     လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)  လအတွင်း ရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၃) ပုံ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား           အမှတ်အသား ဖော်ပြရန်)၊

(ဃ)    သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာမူရင်း၊

(င)     ပညာအရည်အချင်းထောက်ခံချက် မိတ္တူမှန်၊ (လူတွေ့စစ်ဆေးခံယူမည့် အချိန်တွင် တိုက်ဆိုင်စစ်ဆေးရန် အထောက်အထား (မူရင်း) များ တစ်ပါ တည်း ယူ          ဆောင်လာရန်ဖြစ်သည်)

(စ)     ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ဌာနဆိုင်ရာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊

(ဆ)    အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊

(ဇ)     ဒေသန္တရကျန်းမာရေးအဖွဲ့၏ ကျန်းမာကြောင်းထောက်ခံချက်မူရင်း၊

(ဈ)     တောခေါင်းနှင့် တောကြပ်ရာထူးနေရာများအတွက် မိုင်(၂၀) လမ်းလျှောက် ခြင်းအား သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်သူဖြစ်ရမည်။

၄။                လျှောက်လွှာများကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံး၊ မန္တလေးတိုင်း‌ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ညွှန်ကြား ရေးမှူးရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ အောက်ဖော်ပြပါ အီးမေးလ်လိပ်စာများသို့ Online စနစ်ဖြင့် ဖြစ်စေ၊ (၂၀-၁၁-၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်သည်၊ သတ်မှတ်ရက် ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများ၊ စာရွက်စာတမ်းအချက်အလက်များ၊ မပြည့်စုံ သည့် လျှောက်လွှာများနှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် လျှောက်လွှာများကို (လုံးဝ) ထည့် သွင်းစဉ်းစားမည် မဟုတ်ပါ-

 

(က) ညွှန်ကြားရေးမှူးချုပ်ရုံး dzgd.adm.sev@gmail.com
(ခ) စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး dzgd.sagaing@gmail.com
(ဂ) မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး dzgd.mdy@gmail.com

 

၅။                ‌ရေးဖြေအရည်အချင်းစစ်စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်                    ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တပြိုင်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ် သောကြောင့် မိမိတို့                    ဖြေဆိုလိုသည့် စာစစ်ဌာန (၁) ခုကို ဖော်ပြလျှောက်ထား၍ အဆိုပါ စာစစ် ဌာန၌သာ ဖြေဆိုရမည်ဖြစ်သည်။ ရေးဖြေဖြေဆိုမည့်ရက်အား သီးခြား                    အကြောင်းကြားမည် ဖြစ်ပါသည်။

၆။                ရာထူးအလိုက် အရည်အချင်းသတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လျှောက် ထားရမည့် လိပ်စာများအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး                    ဦးစီးဌာန၏ website – http:// www.dryzonegreening.gov.mm နှင့် facebook Page – Dry Zone Greening Department – DZGD တို့တွင်                    ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

၇။                စုံစမ်းမေးမြန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်-

(က) ညွှန်ကြားရေးမှူးချုပ်ရုံး ၀၉-၄၂၀၀၁၇၀၃၅၊  ၀၉-၄၀၂၅၉၇၂၆၉
( ခ ) စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး ၀၉-၅၃၃၃၆၂၊ ၀၉-၄၀၀၄၃၄၆၂၁၊       ၀၉- ၇၈၂၇၄၆၆၀၁
( ဂ ) မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး ၀၉-၄၀၂၅၁၇၁၃၆၊ ၀၉-၂၅၉၇၆၇၁၇၈၊       ၀၉-၉၇၇၁၆၄၁၆၅

 အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန