မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ၏ မြေမျက်နှာသွင်ပြင်မှာ အကြမ်းအားဖြင့် မြေနိမ့် ဒေသများ ဖြစ်ပါသည်။ မြင့်မားသည့် တောင်ကုန်းတောင်တန်းဟူ၍ မရှိပဲ တောင်ကုန်းနိမ့်များသာ ရှိပါ သည်။ မြောက်ဘက် တောင်ကုန်းဒေသ၊ ရှမ်းကုန်းပြင်မြင့်ဒေသ၊ ရခိုင်ရိုးမနှင့် ပဲခူးရိုးမတို့၏ တောင်စွယ် တောင်တန်းများမှာ အချို့နေရာများတွင် တိုးဝင်လျက် ရှိပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ၏ အဓိက ရေဆင်းဒေသမှာ ဧရာဝတီမြစ်ဝှမ်းဖြစ် ပါသည်။ ဧရာဝတီမြစ်သည် ဒေသ၏အလယ်တွင် မြောက်မှတောင်သို့ မိုင်(၂၇၀)ခန့် ဖြတ်သန်းစီးဆင်းနေ ပါသည်။ ဧရာဝတီမြစ်စီးဆင်းရာ တစ်လျှောက်တွင် မြစ်ကြောင်းများ မကြာခဏပြောင်းလဲခြင်း၊ နုန်းများ ပို့ချခြင်း၊ မြစ်ကမ်းပါးပြိုခြင်းကြောင့် မြစ်ဝှမ်းတစ်လျှောက်တွင် မြေနုကျွန်းများဖြစ်ခြင်း၊ ရေလွှမ်းမိုးခြင်း များဖြစ်ပေါ်လေ့ရှိပါသည်။ ဒေသတစ်ခုလုံး၏ ဘူမိဗေဒအခြေအနေအရ မြန်မာနိုင်ငံ၌ နောက်ဆုံးမှ ကုန်း မြေဖြစ်ခဲ့သည့်ဒေသဖြစ်၍ ဘူမိသက်တမ်းမှာနုပြီး ဖြစ်ပေါ်တည်ရှိနေသည့် ကျောက်များမှာလည်းပွပျော့ သည့်ကျောက်များသာ အများစုဖြစ်ပါသည်။ အဆိုပါကျောက်များပေါ်တွင် မျက်မှောက်ခေတ် အနည်ကျ ကျောက်များက ဖုံးလွှမ်းလျက်ရှိပါသည်။ ဒေသ၏ ရာသီဥတုမှာ ပြင်းထန်သဖြင့် ဒေသရှိကျောက်များမှာ ရုပ်ပိုင်းချေဖျက်မှုနှင့် တိုက်စားသယ်ဆောင်မှုကို အများဆုံးခံရပါသည်။ ဤဒေသအတွင်း ကြီးမားသည့် မြေလှုပ်ရှားမှုများ မဖြစ်ခဲ့သဖြင့် ကြီးမားသည့်တောင်ကုန်းတောင်တန်းများ နည်းပါး၍ မြေမျက်နှာပြင် မှာ အများအားဖြင့် ညီညာသည်ကို တွေ့ရှိရပါသည်။