မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများ၏ မိုးရွာသွန်းမှုမှာ တည်နေရာနှင့် မြေမျက်နှာ သွင်ပြင် အခြေအနေများ၏ အကျိုးသက်ရောက်မှုကို ခံစားရပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ မြောက် ဘက်တွင် မြောက်ဘက်တောင်တန်းဒေသ၊ အရှေ့ဘက်တွင် ရှမ်းကုန်းပြင်မြင့်၊ အနောက်ဘက်တွင် ရခိုင် ရိုးမ တောင်တန်းများ ရှိနေပြီး တောင်ဘက်ဒေသ၏ တစ်ခုတည်းသာ မြေနိမ့်ဒေသဖြစ်နေပါသည်။ မိုးရွာ သွန်းမှုအခြေအနေကို ဆန်းစစ်ပါက အောက်ပါအချက်များအား အဓိကတွေ့ရှိရမည်ဖြစ်ပါသည်-
(က) ဤဒေသအတွင်း အမြင့်ပေ(၄၉၈၁) ပေ ရှိသည့် ပုပ္ပါးတောင်မှလွဲ၍ အနောက်တောင် မုတ်သုန်လေကို တားဆီးနိုင်သည့် တောင်ကုန်းတောင်တန်း မရှိခြင်း။
(ခ) တည်ရှိသည့် တောင်ကုန်းတောင်တန်းများမှာလည်း နိမ့်နေပြီး တောင်မြောက်တန်း လျက် ရှိနေခြင်းကြောင့် ဒေသတစ်ခုလုံးမှာ မိုးကွယ်ဧရိယာ (Rain Shadow Area) ဖြစ်ပြီး မိုးရေချိန် (၄၀) လက်မနှင့် ယင်းအောက်တွင်သာ ရှိနေခြင်း။ မိုးရွာသွန်းမှုမှာ မြန်မာနိုင်ငံတစ်ခုလုံး ရွာသွန်းမှု၏ (၃.၂%) သာရှိပြီး ဒေသတစ်ခုလုံး၏ ပျမ်းမျှမိုးရွာ သွန်းမှုမှာ (၂၈.၄၄) လက်မမျှသာ ရှိခြင်း။
(ဃ) မေလနောက်ပိုင်းမှ ဇွန်လအထိ တစ်ကြိမ်နှင့် စက်တင်ဘာလမှ အောက်တိုဘာလ အထိ တစ်ကြိမ်၊ တစ်နှစ်လျင် မိုးနှစ်ကြိမ်ခန့်သာ အဓိကရွာသွန်းခြင်း၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးပြတ်သည့်ကာလဖြစ်ပေါ်တတ်ခြင်း။ မိုးရွာသွန်းမှုမှာ မုတ်သုံ လေ ရောက်ရှိမှုအပေါ်မူတည်ပြီး စောခြင်း၊ နောက်ကျခြင်းများ ဖြစ်လေ့ရှိခြင်း။
(စ) မိုးအများဆုံးမှာ စက်တင်ဘာလဖြစ်လေ့ရှိခြင်းကြောင့် သစ်ပင်စိုက်ပျိုးရေးရှုထောင့် မှကြည့်လျှင် ဇွန်လအတွင်း မိုးရွာသွန်း၍ မိုးဦးစောပြီး မှန်ကန်ရန် လိုအပ်ပြီး၊ ဇွန်လ မိုးရွာသွန်းမှု မှန်ကန်ပါက စိုက်ပျိုးသည့် သစ်ပင်ငယ်များ ရှင်သန်ဖြစ်ထွန်းကြောင်း နှင့် မြန်မာနိုင်ငံအလယ်ပိုင်း သစ်တောပြုစုစိုက်ပျိုးရေးသည် ဒေသ၏ မိုးရွာသွန်းမှု အခြေအနေအပေါ် များစွာတည်နေသဖြင့် မိုးရွာသွန်းမှုအခြေအနေကို စဉ်ဆက်မ ပြတ်လေ့လာရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။