09
May

မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း အစီအစဉ် ဆက်လက်ဆောင်ရွက်

 

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခြောက်သွေ့ကာ လနွေရာသီ၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်း အစီအစဉ်ဆက်လက် ဆောင်ရွက်ရာ (၉-၅-၂၀၂၄) ရက်နေ့တွင် မ​ကွေးခရိုင် တာဝန်ခံ ဦး​ဆောင်၍ ရေနံချောင်းမြို့နယ် ဦးစီး အရာ ရှိနှင့် ဝန်ထမ်းများ မှ ​ရေနံ​ချောင်းမြို့နယ်၊ သူဌေးကုန်းအုပ်စု၊ ယာကြီးပြင်ကျေးရွာရှိ အိမ်ထောင် စု (၁၅၀) စု အတွက် သောက်သုံး​​ရေ (၂၄၀၀) ဂါလန် အား ဌာနပိုင် ရေသယ်ယာဉ်ဖြင့် ကုသိုလ်ပြု လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။