“ပျိုးဥယျာဉ်လုပ်ငန်းနှင့်ဇီဝမြေဩဇာထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁)” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ စန္ဒကူးခန်းမ၌ “ပျိုးဥယျာဉ်လုပ်ငန်းနှင့်ဇီဝမြေဩဇာထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁)” သင်တန်းဆင်းပွဲအခမ်းအနားအား ၂၅-၁၀-၂၀၂၄ ရက်နေ့ နေ့လယ် (၃း၃၀) အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ သက်ဆိုင်ရာဌာနခွဲအသီးသီးရှိ ညွှန်ကြားရေးမှူး နှင့် အရာထမ်း၊ အမှုထမ်းများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ တတ်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပထမဦးစွာ ယခုသင်တန်းကို အဆင်ပြေချောမွေ့အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေး ကြတဲ့ ဘာသာရပ်ဆိုင်ရာသင်တန်းဆရာများ ပံ့ပိုးမှုများပြုကြတဲ့ ဦးစီးရုံးချုပ်မှ အရာထမ်း၊ အမှု ထမ်းများအားလုံးနှင့် ကြိုးစားသင်ယူကြတဲ့ သင်တန်းသားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုသင်တန်းအား ဖွင့်လှစ်ခြင်းအားဖြင့် အပူပိုင်းဒေသ၏ ခက်ခဲကြမ်းတမ်းလှသော ရေ၊ မြေ၊ ရာသီ ဥတုဒဏ်ကို အံတု၍ ရှင်သန်ဖြစ်ထွန်းနိုင်စွမ်းရှိသော အောင်လုံသန်စွမ်းသော ပျိုးပင်များရရှိရေး အတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင် တန်းမှ ပို့ချ ချက်များအား မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် အကျိုးရှိစွာ စနစ်တကျ ပြန်လည် အသုံးချရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် မှ သင်တန်းတွင် ပထမဆုရရှိခဲ့သော ညောင်ဦးမြို့နယ်မှ တောခေါင်း-ဦးအောင်ကိုကို အားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဒုတိယဆုရရှိခဲ့သော ဆိတ်ဖြူမြို့နယ်မှ တောခေါင်း-ဦးစိုးသူအောင် အားလည်းကောင်း၊ ညွှန်ကြားရေးမှူး (အင်ဂျင်နီယာ) မှ တတိယဆုရရှိခဲ့သော မြို့သစ်မြို့နယ်မှ တောခါင်း-ဦးမျိုးမြင့်အား လည်းကောင်း အသီးသီးဆုချီး မြှင့် ခဲ့ကြောင်း သိရှိရပါသည်။