24
Oct
ပျိုးဥယျာဉ်လုပ်ငန်းနှင့် ဇီဝမြေဩဇာထုတ်လုပ်မှုသင်တန်းအမှတ်စဉ် (၁) လေ့လာရေးခရီးသွားရောက်ခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုုပ်ရုံး၌ ၂၁-၁၀-၂၀၂၄ ရက်နေ့မှ ၂၅-၁၀-၂၀၂၄ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည့် “ပျိုးဥယျာဉ်လုပ်ငန်းနှင့်ဇီဝမြေဩဇာထုတ်လုပ်မှုသင်တန်းအမှတ် စဉ် (၁)” သင်တန်းသားများအား လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလှိုင်၊ ဦးစီးအရာရှိ ဦးအောင်ဆန်းလင်း တို့မှ ကျောက်ဆည်မြို့နယ်၊ မြို့မပျိုးဥယျာဉ်သို့ လေ့လာရေးခရီး စဉ်အဖြစ် ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ပျိုးဥယျာဉ်လုပ်ငန်းဆောင်ရွက်ခြင်းအား လက်တွေ့ သရုပ်ပြခြင်း၊ သင်တန်းသားများမှ ပျိုးဥယျာဉ်လုပ်ငန်းများလက်တွေ့ပြုလုပ်ခြင်းနှင့်ဇီဝမြေဩဇာ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။