တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
နိုင်ဝင်ဘာလ ၁၂ ရက်
သယံဇာတနှင့် သဘာတပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၁-၁၁-၂၀၂၄) ရက်နေ့ နှင့် (၁၂-၁၁-၂၀၂၄) ရက်နေ့များတွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဦးစီးရုံးချုပ်ရှိ ညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ၊ မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင်တာဝန်ခံများက In-person ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် ခရိုင်တာဝန်ခံ များ၊ ဦးစီးဌာန၏ မြို့နယ်တာဝန်ခံများက ဗီဒီယိုကွန်ဖရင့် (Zoom Meeting) စနစ်ဖြင့် လည်းကောင်း တတ်ရောက်ခဲ့ကြပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေအား (၁၁-၁၁-၂၀၂၄) ရက်နေ့ (၈:၃၀) နာရီတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ နှင့် ခရိုင်တာဝန်ခံများမှ (စ.ထ.ထ.ရ) လုပ်ငန်းများအား power point ဖြင့် ရှင်းလင်းတင်ပြကာ ညနေ (၅:၃၀) တွင် အစည်း အဝေးအား ရုတ်သိမ်းခဲ့ပါသည်။ အစီအစဉ်အား (၁၂-၁၁-၂၀၂၄) ရက်နေ နံနက် (၈:၃၀)နာရီတွင် ပြန်လည်စတင်ခဲ့ရာ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြန်လည် စိစစ်သုံးသပ်၍ ဆွေးနွေးတင်ပြခြင်း နှင့် ညွှန်ကြားရေးမှူးချုပ်မှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဆွေးနွေးတင်ပြမှုများနှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။