စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “စာရေးဝန်ထမ်းများရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈)” သင်တန်းဆင်းပွဲအခမ်းအနားကို ၁၃-၁၂-၂၀၂၄ ရက်နေ့ ၁၅:၃၀ နာရီအချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ အထူးဖိတ် ကြားထားသော သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး နှင့်အရာထမ်းများ တတ်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
ပထမဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရုံးလုပ်ငန်းများဆောင်ရွက်တဲ့ လက်တွေ့နယ်ပယ်မှာ အမှန်တကယ်လိုအပ်တဲ့ ဘာသာရပ်တွေ စုစည်းရွေးချယ် သင်ကြားပေး တာ ဖြစ်လို့ အကျိုးကျေးဇူးအများ ကြီးရရှိခဲ့တဲ့သင်တန်းဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ရုံးလုပ်ငန်းသဘော တရားများ၊ ရုံးစာရေးသားနည်းများ၊ ဝင်စာထွက်စာများကို အရေးယူဆောင်ရွက်ခြင်းများ၊ စာရွက် စာတမ်း များကို လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ကြေးနန်းစာ ရေးသား ခြင်းများ၊ ဘဏ္ဍာရေး စည်းမျဉ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေကောက်နုတ်ချက်များ၊ ဌာန ဆိုင်ရာ ညွှန်ကြား ချက် များ၊ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ထုံးလုပ်ထုံးလုပ်နည်းများ၊ ရုံးသုံးမြန်မာစာရေးနည်းများ၊ တင်ဒါဆိုင် ရာလုပ်ငန်းစဉ်များ၊ ငွေစာရင်းခေါင်းစဉ် နှင့်ဌစများ၊ e-Government လုပ်ငန်းဆောင်ရွက်မှုများနှင့် ရုံးလုပ်ငန်းသုံး Software လက်တွေ့အသုံးချနိုင်မည့်နည်းလမ်းများအား သင်ကြားပြသပေးနိုင်ခဲ့ပါ ကြောင်း နှင့် ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၊ သင်တန်းအောင်မြင် စွာဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုးမှုများပြုကြတဲ့ ဦးစီးရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းအားလုံးနဲ့ သင် တန်းကာလအတွင်း စည်းကမ်း သေဝပ်စွာ သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသူအားလုံးတို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် သင်တန်းသူများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးကို ပြန်လည်ရောက်ရှိသောအခါ ယခုသင်တန်းမှ ရရှိခဲ့သော အသိပညာဗဟုသုတတွေကို ပြန်လည်မျှဝေကြ ရင်း ဌာနလုပ်ငန်းတွေကို စေတနာအပြည့်၊ ခံယူချက်အပြည့်နဲ့ ကြိုးစားဆောင်ရွက်ပေးကြခြင်းအားဖြင့် မိမိတို့ရဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားခဲ့ပါ ကြောင်း သိရှိရပါသည်။
ဆက်လက်၍ သင်တန်းတွင် ပထမဆု ရရှိခဲ့သော အကြီးတန်းစာရေး ဒေါ်ညွှန့်ရီ အား ဒုတိယညွှန် ကြားရေးမှူးချူပ်မှ လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော ရုံးအကူ ဒေါ်ခင်စိုးမြတ်စန္ဒာ အား ညွှန်ကြား ရေးမှူး (အင်ယာ)မှ လည်းကောင်း၊ ဒုတိယဆု (ပူးတွဲ) ရရှိခဲ့သော အကြီးတန်းစာရေး ဒေါ်သူဇာခင် အား ညွှန်ကြားရေးမှူး (စီမံကိန်း) မှ လည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ပါကြောင်းသိရှိရပါသည်။