09
Dec

စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “စာရေးဝန်ထမ်းများရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၉-၁၂-၂၀၂၄ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ အထူးဖိတ်ကြားထားသော သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး နှင့်အရာထမ်းများ   တတ်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းကို ရုံးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ဦးစီးရုံးချုပ်နှင့်တိုင်းဒေသကြီးများက အကြီးတန်းစာရေး (၈) ဦး၊ အငယ်တန်းစာရေး (၄) ဦး၊ အမှုတွဲထိန်း (၇) ဦး နဲ့ ရုံးအကူ (၁) ဦး၊ စုစုပေါင်းသင်တန်းသူ (၂၀) ဦး နှင့်ဖွင့်လှစ်သင်ကြားပို့ချမှာဖြစ်ကြောင်း၊ ရုံးလုပ် ငန်းသဘောသဘာဝနဲ့ ရုံးလုပ်ငန်းတာဝန်တွေကို ကောင်းစွာသိရှိနားလည်ပြီး မှန်ကန်မြန်ဆန်စွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ကြစေဖို့ နှင့် စနစ်တကျဖြစ်စေဖို့ ‌ရည်ရွယ်ပါကြောင်း၊ ရုံးလုပ်ငန်းသည် ရုံး/လုပ်ငန်း/ဌာနအဖွဲ့အစည်းရဲ့ နေ့စဉ်လုပ်ငန်းများကို စနစ်တကျပြီးမြောက်စေရန် စီမံခန့်ခွဲခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၏ ပင်မလုပ်ငန်းများကို အထောက်အကူပြုသော လုပ်ငန်းများဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ  မိမိတို့ဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ် ငန်းများသည် အပူပိုင်းဒေသရဲ့ ရေ၊ မြေ ၊ သဘာဝဝန်းကျင်ကို တိုးတတ်ကောင်းမွန်စေဖို့နဲ့ ကျေးလက်နေ ပြည်သူလူထုရဲ့ အခြေခံလိုအပ်များကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ချက်ကောင်းများစွာနဲ့ ဆောင်ရွက် လျက်ရှိသော မွန်မြတ်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနရဲ့ ပင်မလုပ် ငန်းတွေ အောင်မြင်စေဖို့ အထောက်အကူပြု ပံ့ပို့‌ပေးရသော  ရုံးဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းများ အား ဂုဏ်ယူတန်ဖိုးထားပြီး ဌာနအကျိုး၊ နိုင်ငံတော်အကျိုးကို ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင် ရွက်ကြပြီး စွမ်းဆောင်ရည်မြှင့်မားသော နိုင်ငံဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သိရှိရပါသည်။