10
Dec

စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

ပုသိမ်ကြီးမြို့

စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

၁။     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူး (၈၁) နေရာအတွက် လျှောက်လွှာခေါ် ယူမှုအား ၃၀-၁၁-၂၀၂၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဖြစ်ပါသဖြင့် ရေးဖြေစာမေးပွဲအား ဘာသာရပ် (၁) ခုလျှင် (၂) နာရီ မေးခွန်းဖြင့် သက်ဆိုင်သူများလျှောက်ထားခဲ့သည့် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်  အောက်ပါအတိုင်း ဖြေဆိုရမည် ဖြစ်ပါသည်-

စဉ် ရက်စွဲ အချိန် ဘာသာရပ် မှတ်ချက်

ညွှန်ကြားရေးချုပ်ချူပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး

က ၁၆-၁၂-၂၀၂၄ နံနက် (၀၉:၀၀)နာရီမှ (၁၁:၀၀) နာရီအထိ အထွေထွေဗဟုသုတ
၂၀-၁၂-၂၀၂၄ နံနက် (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီအထိ ကွန်ပျူတာ

စစ်ကိုင်းတိုင်းဒေသကြီး

၁၈-၁၂-၂၀၂၄ နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ အထွေထွေဗဟုသုတ
၁၈-၁၂-၂၀၂၄ နေ့လယ် (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ ကွန်ပျူတာ

၂။       ဖြေဆိုခွင့်ကတ်ပြားများကို ၁၃-၁၂-၂၀၂၄ ရက်နေ့နှင့် ၁၄-၁၂-၂၀၂၄ ရက်နေ့တို့တွင် ရုံးချိန် အတွင်း ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် နေ့ရက်တွင် တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ပါသည်။

                                                                                       အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန