26
Jan

အများပြည်သူသို့ အသိပေးကြေညာချက်

 

၁။         အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ အနေဖြင့်  အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ ဝန်ဆောင်မှုရရှိသူများ၏ လက်ကိုင်ဖုန်းများ သို့ SMS များ ပေးပို့ကာ “သက်ဆိုင်ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ဝန်ဆောင်မှုများအပေါ် သဘောထားမှတ်ချက်များ ဖြေကြားပေးနိုင်ပါရန်” မေးခွန်း များ မေးမြန်းပြီး  ပြည်သူတို့၏ တုံ့ပြန်ချက်များအရ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။

၂။             SMS ပေးပို့မေးမြန်းရာတွင် Short Code “1111” ကို အသုံးပြုသွားမည်ဖြစ်ပြီး လူကြီးမင်း၏ လက်ကိုင်ဖုန်းသို့  “1111” ဖြင့်  SMS ဝင်လာပါက ပြန်လည်ဖြေဆိုခြင်းအားဖြင့် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် ပူးပေါင်း ပါဝင်ပေးကြပါရန်နှင့် ပေးပို့သည့် အချက်အလက်များအား လျှို့ဝှက်ထားမည်ဖြစ်ပါကြောင်း  အသိပေးနှိုးဆော် တင်ပြအပ်ပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန