13
Jan

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ “ငွေစာရင်းလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅)” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

                                         

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “ငွေစာရင်းလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၃-၁-၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် ဦးစီးရုံး ချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဘကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်း များ အထူးဖိတ်ကြားထားသော သစ်တောဦးစီးဌာနမှ အရာထမ်းများ   တတ်ရောက်ခဲ့ပါကြောင်းသိရှိရပါ သည်။

ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းကို ရုံးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ဦးစီးရုံးချုပ်နှင့်တိုင်းဒေသကြီးများက စာရင်းကိုင်-၂ (၃) ဦး၊ ဌာနခွဲစာရေး (၁) ဦး၊ စာရင်းကိုင်-၃ (၉) ဦး၊ စာရင်းကိုင်-၄ (၅) ဦး နဲ့ အကြီးတန်းစာရေး (၂) ဦး စုစုပေါင်းသင်တန်းသား/သင်တန်းသူ (၂၀) ဦး နှင့်ဖွင့်လှစ်သင်ကြားပို့ချမှာဖြစ်ကြောင်း၊ ငွေစာရင်း လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိသော  ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ငွေစာရင်းထိန်းသိမ်းနည်းတွေ ကို ကောင်းစွာသိရှိနားလည်ကြစေဖို့ နှင့် ငွေစာရင်းထိန်းသိမ်းရေး ဆောင်ရွက်တဲ့အခါမှာ ညွှန်ကြားချက် တွေနဲ့အညီ တိကျမှန်ကန်စွာနဲ့ အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်ကြစေဖို့ဖြစ်ပါကြောင်း၊ ယခု သင်တန်းတွင် စာရင်းကိုင်ဝန်ထမ်းတွေရဲ့ စွမ်းဆောင် ရည်တိုးတက်မြင့်မားလာစေဖို့၊ ရုံးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်နိုင်စေဖို့ အတွက် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်း မျဉ်းများနဲ့ လုပ်ထုံးလုပ်နည်းများ၊  ရသုံးမှန်းခြေ ငွေစာရင်းများ၊ စာရင်းစစ် အစီရင်ခံစာပါ အကြံပြုချက် များအား ကောက်နှုတ်ဆွေးနွေးခြင်း၊ ငွေစာရင်းခေါင်းစဉ် အမှတ် အသားများ၊ စာရင်းစစ်ဆေးနည်းများ၊ တင်ဒါဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ စတိုစာရင်းထားသိုနည်းများ၊ ဘဏ်နှင့်ဆက်စပ်ဆောင်ရွက်ရတဲ့ လုပ် ငန်းအကြောင်းအရာများ၊ Microsoft Excel နဲ့ စာရင်းရေးသွင်းနည်းများ၊ ဦးစီးဌာနများ၏ အခြေခံစာရင်း ပြုဌာနများအတွက် ငွေစာရင်းထိန်းသိမ်း‌ရေးနည်းလမ်း ညွှန်ကြားချက်တွေကို သိရှိနားလည် သဘော ပေါက်စေရန် အသေးစိတ်ထည့်သွင်းပို့ချ သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ  မိမိတို့ဌာနတွင် ဆောင်ရွက်လျက်ရှိသော လုပ် ငန်းများသည် အပူပိုင်းဒေသရဲ့ ရေ၊ မြေ ၊ သဘာဝဝန်းကျင်ကို တိုးတတ်ကောင်းမွန်စေဖို့နဲ့ ကျေးလက်နေ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ချက်ကောင်းများစွာနဲ့ ဆောင်ရွက် လျက်ရှိသော မွန်မြတ်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနရဲ့ ပင်မလုပ် ငန်းတွေ အောင်မြင်စေဖို့ အထောက်အကူပြု ပံ့ပို့‌ပေးရသော  ရုံးဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းများ အား ဂုဏ်ယူတန်ဖိုးထားပြီး ဌာနအကျိုး၊ နိုင်ငံတော်အကျိုးကို ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင် ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။