03
Sep

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ၈/၂၀၂၄ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၌ ၈/၂၀၂၄ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲအခမ်းအနား အား ၃-၀၉-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေသ  စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ   တာဝန်ခံ ညွှန်ကြားရေးမှူးများ၊     အရာထမ်း၊ အမှုထမ်းများ တတ်ရောက်ခဲ့ကြပါသည်။ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအား အစီအစဉ် (၉) ရပ်ဖြင့် ကျင်းပခဲ့ရာ ဦးစီးရုံးချုပ် ဌာန ခွဲအသီးသီးရှိ  ဝန်ထမ်းများမှ လိုအပ်ချက်များအား တင်ပြခဲ့ပြီး   ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ  လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။