12
May

မန္တလေးတိုင်းဒေသကြီးအတွင်း ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲများ ကျင်းပဆောင်ရွက်ခြင်း

၁၂.၅.၂၀၂၄ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးညွန်ကြားရေးမူး ညောင်ဦးခရိုင် လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်နိုင်အောင်၊ ညောင်ဦးမြို့နယ် ဦးစီးအရာရှိ ဦးအောင်ဇော်လတ်နှင့် ဝန်ထမ်း ၁၂ဦး တို့သည် ညောင်ဦးမြို့နယ် ကူကျေးရွာအုပ်စု တောင်ပုံဝကျေးရွာတွင် ထင်းအစားအခြားလောင် စာတိုးမြှင့်သုံးစွဲခြင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပရာ ကျေးရွာပြည်သူစုစုပေါင်း၁၃၃ဦး တက်ရောက်ခဲ့ပါသည်။ ညွန်ကြားရေးမှူး မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောခြင်း၊ ဌာနဆောင်ရွက်လျှက်ရှိသော စ.ထ.ထ.ရ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဗီဒီယိုပြသခြင်း တို့ ဆောင်ရွက်ပြီးတက် ရောက်လာသူများအားစွမ်းအားမြှင့်အေဝမ်းမီးဖိုများအခမဲ့ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သိရှိ ရပါသည်။

ဆက်လက်၍ ရမည်းသင်းခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်မင်းထွန်း၊ ရမည်းသင်း မြို့နယ် ဦးစီးအရာရှိ ဦးညီဇော်ထက် နှင့် ဝန်ထမ်း၇ဦး တို့သည် ရမည်းသင်းမြို့နယ်၊  ရွှေဒါးသာစည် အုပ်စု၊ သာစည်ကျေးရွာတွင် ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲခြင်း နှင့် သဘာဝပတ်ဝန်း ကျင်းထိန်းသိမ်းရေး အသိ ပညာပေးဟောပြောပွဲကျင်းပရာ ကျေးရွာပြည်သူ စုစုပေါင်း ၁၁၂ဦး တက် ရောက်ခဲ့ပါသည်။ လက်ထောက်ညွန်ကြားရေးမှူးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောခြင်း၊ ဌာနမှဆောင်ရွက်လျှက်ရှိသော စ.ထ.ထ.ရ လုပ်ငန်းများ ဆွေးနွေးခြင်းကို ဆောင်ရွက်ပြီး တက်ရောက်လာသူများအား စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။