“ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲ နိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေး စီမံကိန်း၏ စီမံကိန်း ပထမနှစ် အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း”
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံClimate Change Center (CCC) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တောင်အာရှနှင့်အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင်စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေးစီမံကိန်း၏“စီမံကိန်းပထမနှစ်အကဲဖြတ်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲ(Project 1st Year M&E Workshop) ကို ၃၀-၉-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်း၏ ပထမနှစ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ အား စောင့်ကြည့်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များအား ကနဦးတင်ပြခဲ့ပြီး၊ အေဝမ်းမီးဖိုနှင့် E.Free မီးဖို နှိုင်း ယှဉ်ချက်၊ E.Free မီးဖိုများသုံးစွဲရာတွင် ဒေသခံများ၏ သဘောထားအမြင်၊ E.Free မီးဖို အရည်အသွေး ပိုမို တိုးတက်စေရန် ပြုပြင်ပြောင်းလဲသင့်သည့်အချက်များ၊ E.Free မီးဖို ဖြန့်ဖြူးရေးလုပ်ငန်းစဉ် အဆင့်ဆင့် တွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အချက်များ၊ CCC စီမံကိန်းလုပ် ငန်းများ ဆောင်ရွက်ရာတွင် အဆင့်ဆင့် ဝန်ထမ်းဖွဲ့စည်းခြင်းနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းတို့တွင် အားနည်း ချက် အားသာချက်များ၊ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ထပ်မံထည့်သွင်းရမည့် လုပ် ငန်းစဉ်များ စသည့် ခေါင်းစဉ်များဖြင့် စာတမ်း (၆) စောင်အား ကိုယ်စားပြု CPA ခရိုင်များမှ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများက ဖတ်ကြားတင်ပြခြင်း၊ စာတမ်းများအပေါ် မေးမြန်းဆွေးနွေးခြင်း၊ အ ထွေထွေဆွေးနွေးခြင်း အစီအစဉ်များဖြင့်ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြော ကြား၍ အလုပ်ရုံဆွေးနွေးပွဲကို ၃၀-၉-၂၀၁၉ ရက်နေ့ မွန်းလွဲ (၁၆:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။