11
Jun

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအား မကွေးတိုင်းဒေသကြီးတွင် ကျင်းပဆောင်ရွက်သွားမည်

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအား ဇွန်လ (၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။                                                                                                                                                                                                                ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည့် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ ” ကျွန်ုပ်တို့၏ အမွေအနှစ်၊ ကျွန်ုပ်တို့၏ အနာဂတ်ဖြစ်သော ကမ္ဘာမြေကို ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြပါစို့” ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံရှိပြည်သူများအနေဖြင့် ကမ္ဘာမြေကြီးရေရှည်တည်တံ့စေရေးနှင့် နောင်လာနောင်သာများအတွက် အဖိုး ထိုက်တန်သော မြေသယံဇာတအရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။