
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) သင်တန်း ဆင်းပွဲ အခမ်းအနားကို ၁၃-၉-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၆:၄၅)နာရီ အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း လက်မှတ်များ ပေးအပ် ချီးမြှင့်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသား ခေါင်းဆောင်မှ လက်ခံရယူပါသည်။
သင်တန်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဦးစီးအရာရှိ (၁၇)ဦးဖြင့် (၁၁-၉-၂၀၁၉)ရက်နေ့မှ (၁၃-၉-၂၀၁၉)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။