
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများနှင့် စီမံကိန်းလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးစိမ်းလန်း စိုပြည်ရေးစီမံကိန်း လုပ်ငန်းများအတွက် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၉-၈-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အထူးစိမ်းလန်း စိုပြည်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်် အသေးစိတ်လုပ်ငန်း အစီအစဉ်များကို ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများက ရှင်းလင်း တင်ပြခြင်း၊ ဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် သုံးသပ်ရှင်းလင်း ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ရှင်းလင်း တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခြင်း၊ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို မွန်းလွဲ (၁၈:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။