
“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း”


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဦးစီးအရာရှိများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁-၁၀-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁-၁၀-၂၀၁၉ ရက်နေ့မှ ၂-၁၀-၂၀၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စ.ထ.ထ.ရ လုပ်ငန်းများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်း အစီအစဉ်များကို ခရိုင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြခြင်း၊ ဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် သုံးသပ်ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ရှင်းလင်းတင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ လမ်းညွှန်မှာကြားခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ၂-၁၀-၂၀၁၉ ရက်နေ့ ညနေပိုင်း (၁၇:၀၀) နာရီအချိန် တွင် ပြီးမြောက်ခဲ့ပါသည်။