
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီမံကိန်း လုပ်ငန်းများနှင့် စ.ထ.ထ.ရ လုပ်ငန်း လျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီမံကိန်း လုပ်ငန်းများနှင့် ဌာန၏ စ.ထ.ထ.ရလုပ်ငန်း လျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၃၁-၁၁-၂၀၁၉ရက်နေ့၊ နံနက်(၁၀:၃၀) နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၌ ဆောင်ရွက်မည့် အထူးစီမံကိန်း လုပ်ငန်းများအား သက်ဆိုင်ရာ စီမံကိန်းတာဝန်ခံများမှ လည်းကောင်း၊ စ.ထ.ထ.ရလုပ်ငန်း လျာထားချက်များအား တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများကလည်းကောင်း ရှင်းလင်း တင်ပြကြပြီး ဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့မှ သုံးသပ်ဆွေးနွေးခြင်း၊ လမ်းညွှန်မှာကြားခြင်းနှင့်် အထွေထွေ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ (၁၇:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။