
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၄)၊ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့၊ နံနက် (၈:၃၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပုံမှန်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဌာနခွဲများနှင့် တိုင်းဒေသကြီး(၃)ခုတို့တွင် တာဝန်ထမ်းဆောင်နေသည့် စာရေးဝန်ထမ်း (၃၀)ဦးဖြင့် (၉-၁၂-၂၀၁၉) ရက်နေ့မှ (၁၁-၁၂-၂၀၁၉) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ပါသည်။