
“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း”


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၂-၅-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူးများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် သုံးသပ် ရှင်းလင်း ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ရှင်းလင်း တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ လမ်းညွှန်မှာကြားခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ (၂၀:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။