
“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်းလျာထားချက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း”


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်းလျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၅-၉-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဆောင်ရွက်မည့် စ.ထ.ထ.ရ လုပ်ငန်းလျာထားချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြပြီး ဆက်လက်၍ အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် မြို့နယ်တာဝန်ခံများက စီမံကိန်း၏ အသေးစိတ်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် သုံးသပ်ရှင်းလင်း ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ရှင်းလင်း တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ လမ်းညွှန်မှာကြားခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ညနေ(၁၇:၀၀)နာရီ အချိန် တွင် ပြီးမြောက်ခဲ့ပါသည်။