
20
Sep
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀-၉-၂၀၁၉ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီ အချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး (၃)ခုတွင် တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်း(၃၀)ဦးဖြင့် (၂၀-၉-၂၀၁၉)ရက်နေ့မှ(၂၁-၉-၂၀၁၉)ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။