“အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထူးစီမံကိန်း လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ စီမံကိန်းဒါရိုက်တာများနှင့် Video Conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပခြင်း”
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး (၃)ခုအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထူးစီမံကိန်း လုပ်ငန်းများ၏ ဆောင်ရွက် ပြီးစီးမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀-၅-၂၀၂၀ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အစည်းအဝေးတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေနံချောင်းမြို့နယ် အထူးစိမ်းလန်း စိုပြည်ရေးဇုံ စီမံကိန်း၊ ရွှေပုံတောင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်း၊ တန့်ကြည့်တောင်ဒေသ အထူးစိမ်းလန်း စိုပြည်ရေး စီမံကိန်း၊ ဗောဓိတစ်ထောင်ဒေသ အထူးစိမ်းလန်း စိုပြည်ရေး စီမံကိန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ADB-GEF Project တို့၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သက်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာများက ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများက ၂၀၂၀ ခုနှစ် မိုးရာသီ စိုက်ခင်းနှင့် အထူးစိမ်းလန်း စိုပြည်ရေး စိုက်ပျိုးခြင်းများ မိုးကြို ရေလောင်း စိုက်ပျိုးမှု၊ ပြုစုဆောင်ရွက်မည့် အစီအမံတို့အား ရှင်းလင်းတင်ပြခြင်း၊ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ခြုံငုံသုံးသပ် ဆွေးနွေး တင်ပြခြင်း၊ အထွေထွေ ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်မှာကြားခြင်းနှင့် နိဂုံးချုပ် အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၄၅) နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။