11
Mar

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးတိုးမြှင့်ပေးနိုင်ရန် အရည်အချင်းစစ်ရေးဖြေနှင့်နှုတ်ဖြေစာမေးပွဲများကျင်းပ

                       

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ညွှန်ကြားရေးမှူး (လစာနှုန်းကျပ် ၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀) ရာထူးသို့တိုးမြှင့်ပေးနိုင်ရေးအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ၁၀-၃-၂၀၂၅ ရက်နေ့၊ နံနက် (၉:၀၀  မှ ၁၂:၀၀) နာရီထိ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လက်ထောက်ညွှန်ကြားရေးမှူးရာထူးတိုး အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို လာရောက်ဖြေဆို သည့် ဦးစီးအရာရှိ ၃၁ ဦး၊ တရုတ်သံရုံးမှဖြေဆိုသူ  ဦးစီးအရာရှိ (၁) ဦး စုစုပေါင်း (၃၂) ဦးဖြေဆိုခဲ့  ကြောင်းသိရှိရပါသည်။

ဦးစီးရုံးချုုပ်တွင် လာရောက်ဖြေဆိုသူ ဦးစီးအရာရှိ (၃၁) ဦး တို့အား ၁၁-၃-၂၀၂၅ ရက်နေ့ တွင် ဦးစီးရုံးချုပ်အစည်းအဝေးခန်းမတွင် Inperson ဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံတွင် ပညာတော်သင် သွားရောက်လျက်ရှိသော ဦးစီးအရာရှိ (၁) ဦး အား တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် Online (Zoom Meeting) ဖြင့် လည်းကောင်း နှုတ်ဖြေစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန